Zawgyi






Ref – Tech Spot

Unicode

Google ကနေ လက်ရှိမှာ လူသုံးအများဆုံး Browser ထဲက တစ်ခုဖြစ်တဲ့ Google Chrome Browser အတွက် Version 76 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ Version ကို Mac ၊ Linux နဲ့ Windows အသုံးပြုသူတွေအကုန်လုံး Update ရယူနိုင်ပြီလည်းဖြစ်ပါတယ်။

အခု Update မှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကတော့ Private Browsing Feature တစ်ခုဖြစ်တဲ့ Incognito Mode ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအစောပိုင်းတုန်းက Google Chrome မှာ Incognito Mode ကို အသုံးပြုနေပေမယ့်လည်း Chrome ရဲ့ FileSystem API ရဲ့ Bug တစ်ခုကြောင့် တကယ်လို့ ကိုယ် Incognito Mode မှာ အသုံးပြုနေတဲ့ Website က Error တစ်ခုခုတက်တယ်ဆိုရင် Incognito Mode နဲ့ အသုံးပြုနေတယ်ဆိုတာကို လှမ်းပြီး သိနိုင်နေတာဖြစ်ပါတယ်။

အဆိုပါ Error ကို ဒီ Chrome 76 Update မှာ အဓိကပြင်ဆင်ခဲ့ပြီး FileSystem ကို Modified ပြန်လုပ်ခဲ့တဲ့အတွက် Incognito Mode နဲ့ သုံးနေတုန်း Error တစ်ခုခုတက်ခဲ့ရင်တောင်မှာ Private အနေနဲ့ပဲ ရှိနေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် သတင်း Website တွေအနေနဲ့ Incognito Mode ကိုသုံးပြီး Free Article တွေ ဘယ်နှစ်ခုဖတ်နေသလဲဆိုတာကိုလည်း လိုက်ပြီး Detect လုပ်နိုင်မှာမဟုတ်တော့ပါဘူး။

နောက်ထပ် အခုနောက်ပိုင်းမှာ Error မကြာခဏဖြစ်လာတဲ့ Adobe Flash ကိုလည်း Chrome 76 မှာ လုံးဝ Disable လုပ်လိုက်ပြီဖြစ်ပါတယ်။ နောက်ထပ်လည်း တခြားသော Security Fixes တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။

တကယ်လို့ ကိုယ်က Chrome Browser နဲ့ Incognito Mode ကို အသုံးပြုနေတဲ့သူတစ်ယောက်ဆိုရင်တော့ ကျိန်းသေ Update လုပ်သင့်တဲ့ Update တစ်ခုလို့ပြောရမှာပါ။

Ref – Tech Spot