Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Desktop Version အတွက် Chrome Browser မှာ အသုံးဝင်တဲ့ Feature တစ်ခုကို စတင်ထုတ်ပေးခဲ့ပါတယ်။ ဒါကတော့ ဖွင့်ထားတဲ့ Tabs တွေကို Group အနေနဲ့ ပြုလုပ်ထားနိုင်တဲ့ Feature ပဲဖြစ်ပြီး Tab အများအပြားဖွင့်ထားတတ်တဲ့သူတွေအတွက် အရေးပါတဲ့ Feature တစ်ခုဖြစ်ခဲ့ပါတယ်။

အခုလည်း Google ကနေ Android အတွက် Chrome Browser မှာ အဆိုပါ Tab Groups Feature ကို စတင်ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒီလိုမျိုး Tabs တွေကို Group ပြုလုပ်မယ်ဆိုရင် ကိုယ့်အနေနဲ့ Tab ဘယ်နှစ်ခုကို Group ပြုလုပ်ထားသလဲဆိုတာနဲ့ Tab တစ်ခုကနေ တစ်ခုကို ပြောင်းလဲကြည့်ရှုဖို့အတွက် အောက်ဖက်မှာ Tab Icon တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Tab Group ထဲကနေ နောက်ထပ် Link တစ်ခုကို ဖွင့်ချင်တယ်ဆိုရင်လည်း “Open in new tab in group” ဆိုပြီး Tab Group ထဲမှာပဲ ဖွင့်နိုင်မယ်လို့ သိရပါတယ်။ တခြားသော Tab တွေကိုလည်း Drag & Drop ပုံစံနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ဖွင့်ထားတဲ့ Tab တွေကို ပြန်လည်ကြည့်ရှုဖို့အတွက်လည်း ပိုပြီးလွယ်ကူစေဖို့အတွက် Grid View Feature ကို ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ Grid View Feature ကို အသုံးပြုမယ်ဆိုရင် Tab ၆ ခုအထိကို မြင်တွေ့ရမှာဖြစ်ပြီး Android Multitasking View ပုံစံနဲ့ ဆင်တူသွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး Android အတွက် Chrome Browser ကို အသုံးပြုနေတယ်ဆိုရင် ယခု Feature တွေကို Version 88 နဲ့ အထက်ရှိတာနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Server Side Update ဖြစ်တဲ့အတွက် တချို့သောအသုံးပြုသူတွေအနေနဲ့ အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref – 9to5Google