Google ကနေ Apple ရဲ့ File Sharing Feature ဖြစ်တဲ့ AirDrop ကို ယှဥ်ပြိုင်မယ့် Nearby Sharing Feature ကို မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ လာမယ့်စက်တင်ဘာလဝန်းကျင်မှာ တရားဝင်ထွက်ရှိလာမယ့် Android 11 Stable Update နဲ့အတူ ပါဝင်လာဖွယ်ရှိနေပါတယ်။

အဆိုပါ Nearby Sharing Feature ဟာ Android ဖုန်းတွေအပြင် တခြားသော Platform တွေအတွက်ပါ ရရှိလာမယ်လို့သိရပြီးတော့ Chrome OS အပြင် Windows နဲ့ macOS တွေမှာပါ အသုံးပြုနိုင်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုလည်း Chrome OS မှာ Nearby Sharing Feature ကို Support လုပ်နေပြီလို့ သိရပါတယ်။

Chrome OS မှာ Nearby Sharing Feature ကိုအသုံးပြုဖို့အတွက်ကတော့ “Nearby Share” နဲ့ “Share Sheet” Flag တွေကို Enable ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ Flag တွေကို Enable ပြုလုပ်ပြီးတဲ့အချိန်မှာတော့ Settings ရဲ့ “Connected Devices” Section ထဲမှာ “Nearby Share” Feature ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ File Manager မှာရှိတဲ့ နှစ်သက်ရာ File ကို Share ပြုလုပ်ဖို့ ရွေးချယ်လိုက်တာနဲ့ “Nearby Share” Option ကိုစတင်မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ တခြားသော Nearby Share Feature ကိုအသုံးပြုနိုင်တဲ့ Device ကိုရွေးချယ်လိုက်တာနဲ့ File တွေကို အလွယ်တကူ Share နိုင်တော့မှာဖြစ်ပါတယ်။

Android Device မှာ Nearby Sharing Feature ကိုအသုံးပြုချင်တယ်ဆိုရင်တော့ လောလောဆယ်မှာ Google Play Services ကို Beta Tester အနေနဲ့ Sign-in ဝင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Update ရရှိလာပြီး Nearby Share Option ကို Share Option မှာပါဝင်လာမယ်လို့ သိရပါတယ်။

Ref – XDA-Developers