Google ဟာ Chrome OS-based laptops တွေအတွက် ထုတ်ပေးနေတဲ့ Software update ကို Chrome Web browser နဲ့ တူညီတဲ့အကြိမ်အဖြစ် ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဧရာမ အင်တာနက်ရှာဖွေရေးကုမ္ပဏီကြီးဟာ အရင်တုန်းကထက် ပိုပြီးကြာရှည်တဲ့ Stable update version ဆက်ပြီးသုံးစွဲခွင့် ပြုလိုက်တယ်လို့ပဲ ဆိုရမှာပါ။

Google ဟာ လာမဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း Chrome OS 96 ဖြန့်ချိခြင်းကစတင်ပြီး Chrome OS laptop တွေအတွက် လစဉ် Software update တွေ ပြောင်းလဲထုတ်လွှတ်ပေးတော့မယ်လို့ Chromium blog မှာ ရည်ညွှန်းဖော်ပြခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းအရ ကုမ္ပဏီအနေနဲ့ Chrome OS 95 ဗားရှင်းကို မထုတ်တော့ဘဲ Chrome OS 96 ဗားရှင်းကို ခုန်တက်သွားမယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ဧရာမ အင်တာနက်ရှာဖွေရေ:ကုမ္ပဏီကြီးဟာ စီးပွားရေ:လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကျောင်းတွေကို အစောကာလ (၆လ) ထက် ပိုပြီးကြာမြင့်တဲ့ Chrome OS ရဲ့ Stable channel ကို သုံးစွဲခွင့်ပြုလာမယ်လို့ နားလည်ရပါတယ်။

“သုံးစွဲသူတွေအတွက် Feature သစ်တွေကို ပိုပြီးမြန်မြန်ဆန်ဆန်ပို့ဆောင်ပေးနိုင်ဖို့ကြိုးစားနေသလိုပဲ၊ တစ်ဖက်မှာလည်း Chrome OS ရဲ့ အဓိကဦးစားပေးအချက်တွေဖြစ်တဲ့ လုံခြုံရေး၊ တည်ငြိမ်မှု၊ မြန်ဆန်မှုနဲ့ ရိုးရှင်းမှုတွေကိုလည်း လာမဲ့စတုတ္ထသုံးလပတ်ကနေစပြီး M64 နဲ့အတူ 4-week stable channel ကို စတင်သွားမယ်” လို့ Chrome OS Release TPM Lead က Marina Kazatcker က ပြောကြားခဲ့ပါတယ်။

ကမ္ဘာတစ်လွှားမှာ COVID-19 ကပ်ဆိုး ပျံ့နှံ့ပြီးတဲ့နောက် Chromebook တွေရဲ့ဝယ်လိုအားကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ နေအိမ်ကတစ်ဆင့် အလုပ်လုပ်ကိုင်ခြင်း၊ နေအိမ်ကတစ်ဆင့် သင်ယူလေ့လာခြင်းတွေ များပြားလာတာက Chromebook တွေ ရောင်းအားတက်လာရတဲ့ အဓိကအကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ Chrome OS-based laptop တွေရဲ့ နှစ်အလိုက်ရောင်းအားဟာ 357.1% အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ Samsung အမှတ်တံဆိပ်အောက်က Chrome OS-based laptop ရောင်းအားတိုးတက်မှုကတော့ 496% အထိ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

ဒီ သုံးလပတ်ကာလအတွင်းမှာ Samsung ဟာ Chromebooks အလုံးရေ သန်းနဲ့ချီပြီး တင်ပို့ရောင်းချနိုင်ခဲ့တယ်ဆိုပေမယ့် ဈေးကွက်ကိုဦးဆောင်နေတဲ့ HP ရဲ့ တင်ပို့ရောင်းချနှုန်းဖြစ်တဲ့ ၄.၄သန်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ အများကြီးဝေးကွာနေသေးတာပဲ ဖြစ်ပါတယ်။

Ref: SamMobile