Xiaomi ရဲ့ Mix Series ဖုန်းတွေကို ဒီကလူတွေတော်တော်များများသိကြမှာပါ။ သဘောလဲကျကြပါတယ်။ Mi Mix Series ဖုန်း တွေဟာ တစ်ခြား Mi ဖုန်းတွေနဲ့ မတူပဲ Design ပိုင်းက အရမ်းထူးခြားနေတက်တဲ့အတွက်ပါ။ အရှေ့မှာ ထွက်ရှိထားပြီးတဲ့ Mi Mix 2နဲ့ Mix2s ဆိုရင်လည်း အရမ်းလူကြိုက်များကြလို့ Edition အမျိုးမျိုးနဲ့ ထုတ်လုပ်ရပြန်ပါတယ်။ အခုနောက်ပိုင်း Leak ဖြစ်လာတာကတော့ Mi Mix Series ရဲ့ နောက်ထပ် အသစ်ထွက်ရှိမယ့် Mi Mix INFLUX ပါ။

< INFLUX ဆိုတာ Concept Design ဆွဲတဲ့ Designer ကပေးထားတဲ့ နာမည်သာဖြစ်ပြီး အမှန်တစ်ကယ်တော့ Mi Mix 3 အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ Design ပိုင်းက Concept Design ဖြစ်ပေမယ့်။ Xiaomi ကနေ Leak ဖြစ်လာတဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ရေးဆွဲထားတာပါ။ အဲ့အတွက်ကြောင့် အမှန်တစ်ကယ်ထွက်လာမယ့် ဖုန်းကလည်း အဲ့ Design နီးပါးကို ဆင်တူနေမှာပါ။

သူ့ Design အရ အရင်ထုတ်နေကျ Design လို အပေါ်ဘက်ဘောင်လွတ် Screen အပြည့် Design မျိုးမဟုတ်တော့ပဲ အပေါ်အောက် ဘောင်သေးသေးလေးတွေနဲ့ Screen ခပ်ကြီးကြီး Design မျိုးနဲ့လာမှာပါ။  အရင်ဖုန်းတွေတုန်းက Selfie Camera ကို ဖုန်းအောက်ခြေနားမှာ ထားခဲ့ပါတယ်။ Selfie ရိုက်တဲ့သူတွေအတွက်က သိပ်အဆင်မပြေခဲ့ပါဘူး။ အဲ့အချက်ကြောင့်ပဲ Xiaomi က ဘောင်လွတ် Design ကိုစွန့်လွတ်ပြီး သူ့ရဲ့ Mi Max 3 Design လိုပြန်ထုတ်လာမှာပါ။

Dual Speaker နှစ်ခုကို အရှေ့ဘက် ဖုန်း Screen အောက်ကဘောင်ပေါ်မှာထားထားပါတယ်။ အဲ့အပြင် ဖုန်းထိပ်က Earpiece Speaker ကိုလည်း Loud Speaker သဘောမျိုး သုံးနိုင်တဲ့  အတွက် စုစုပေါင်း  Loud Speaker သုံးလုံးရရှိနိုင်မှာမို့လို့ တော်တော်တော့ အသံကျယ်မယ့်ဖုန်းလေးပါ။ Screen Size 6 Inches သို့မဟုတ် 6.5 Inches နဲ့ ထွက်လာနိုင်ပါတယ်။ နောက်ဆုံးထွက် Snapdragon 855 နဲ့ပွဲထွက်လာနိုင်ပြီး RAM 6 သို့မဟုတ် RAM 8 GB နဲ့ ရရှိနိုင်မှာပါ။ Battery ကတော့ 4200mah ပါနိုင်ပြီး Qualcomm Quick Charge 4+ Support ရမှာဖြစ်ပြီး Charger ကတော့ Quick Charge 3 ပဲပါမှာမို့လို့ QC4 Support လိုချင်ရင်တော့ QC4 Charger ထပ်ဝယ်ရမှာပါ။

အဓိကအရောင်အနေနဲ့ အဖြူရောင်နဲ့ အပြာရောင်ဖြစ်နိုင်ပြီး တော်တော်တော့လှမှာပါ။

အရင် Mix ဖုန်းတွေလို မြန်မာငွေ ရှစ်သိန်းဝန်းကျင်နဲ့ဝင်လာမှာဖြစ်ပြီး ဘယ်အချိန်ရောက်မယ်ဆိုတာတော့အတိအကျမသိရသေးပါဘူး။