ကိုယ့်ကိုကိုယ် အဆုံးစီရင်နိုင်တဲ့ စက်ကို ဆွစ်ဇာလန်မှာ နောက်နှစ် အသုံးပြုနိုင်မယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။ အဲဒီ စက်ကို 3D Printing နည်းပညာနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး အခေါင်း ပုံသဏ္ဌာန်နဲ့ ဆင်တူပါတယ်။

Dr. Philip Nitschke says the pod is "very comfortable"

အဲဒီစက်နာမည်က Sarco ဖြစ်ပြီး User က အဲဒီအထဲမှာ လှဲလျောင်းကာ အဆုံးစီရင်တဲ့ ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဆုံးစီရင်တဲ့ ခလုတ်ကို မနှိပ်ခင် User ရဲ့ ဆန္ဒကို အတည်ပြုတဲ့ အနေနဲ့ မေးခွန်းတွေ မေးမြန်းမှာ ဖြစ်ပြီး ခလုတ်ကို နှိပ်လိုက်ရင်တော့ အောက်ဆီဂျင် ကျကာ သေဆုံးသွားမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင် ကျအောင်ပြုလုပ်မှာ ဖြစ်ပေမယ့် အသက်ရှူကြပ်တာ မဖြစ်ဘဲ မိနစ်အနည်းငယ်အတွင်း ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားမှာ ဖြစ်ပါတယ်။

အဲဒီစက်ထဲမှာ နိုက်ထရိုဂျင်တွေ ဖြည့်ထားပြီး စက္ကန့် ၃၀ အတွင်းမှာ အောက်ဆီဂျင်ဟာ ၂၁ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းကို လျှင်မြန်စွာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ကိုယ်ခန္တာ တစ်သျှူးထဲက အောက်ဆီဂျင်နဲ့ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို ကျဆင်းအောင် ပြုလုပ်ကာ အဆုံးစီရင်ပေးတာ ဖြစ်ပါတယ်။

အဲဒီစက်ကို Exit International ကုမ္ပဏီက ဒေါက်တာ Philip Nitschke က ဖန်တီးထားတာ ဖြစ်ပြီး စက်ကို အသုံးပြုတဲ့ သူတွေဟာ ထိတ်လန့်တုန်လှုပ်စရာ မရှိသလို အသက်ရှူကြပ်တာလည်း မရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ဆွစ်ဇာလန်မှာ ဆေးဝါး အကူအညီယူကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ သူပေါင်း ၁,၃၀၀ လောက် ရှိပါတယ်။ Sarco ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေဆုံးချင်သူတွေအတွက် အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Ref : nypost