ကိုရိုနာဗိုင်းရက်စ်ကြောင့် လူတွေ နေအိမ်မှာ ပိုနေလာကြတဲ့အတွက် အွန်လိုင်း သုံးတာပိုများလာကြပါတယ်။ ကမ္ဘာအဝန်းမှာ ဒီလိုကြုံတွေ့နေကြတာ ဖြစ်ပြီး ဥရောပနိုင်ငံတချို့မှာ တစ်နိုင်ငံလုံးကို အဝင်၊ အထွက် ပိတ်ထားပါတယ်။ အွန်လိုင်းပိုသုံးလာကြတဲ့အတွက် အင်တာနက်လိုင်း ကြပ်တာတွေ ဖြစ်လာပါတယ်။ အဲဒီအတွက် netflix က ဥရောပမှာ Streaming Quality ကို လျှော့ချခဲ့ပြီး အခုတော့ YouTube ကလည်း အဲဒီလို ပြုလုပ်လိုက်ပါတယ်။

Reuters က YouTube ဟာ ဥရောပ နိုင်ငံတွေအတွက် Default Streaming Quality ကို Standard Definition (480p) အထိ လျှော့ချလိုက်တယ်လို့ ပြောပါတယ်။ ဗီဒီယိုကို စဖွင့်တာနဲ့ အဲဒီ အရည်အသွေးနဲ့ ပြသပေးမှာ ဖြစ်ပြီး Users တွေက HD ကို ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်။ Netflix မှာ ဗီဒီယို အရည်အသွေးကို Users တွေက ပြောင်းလဲလို့ မရပါဘူး။ ဥရောပ သမဂ္ဂရဲ့ အကြီးအကဲ Thierry Breton က Sundar Pichai နဲ့ YouTube CEO Susan Wojcicki ကို စကားပြောခဲ့ပြီးနောက် အခုလို YouTube မှာ ဗီဒီယို အရည်အသွေး လျှော့ချလိုက်တာပါ။

ဥရောပမှာ YouTube Android App ကနေ ဗီဒီယိုတွေ ဖွင့်ရင် Default အနေနဲ့ 480p နဲ့ ပြသပေးပေမယ့် ဒတ်စတော့ ဘရောက်စာမှာတော့ 4K ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ပြသပေးပါတယ်။ YouTube က ဥရောပနိုင်ငံအားလုံးမှာ ဗီဒီယို အရည်အသွေး လျှော့ချတာကို ဖြည်းဖြည်းချင်း လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။

Ref : androidpolice