NFT လို့ လူသိများကြတဲ့ Non Fungible Token တွေဟာ စျေးနှုန်းအနေနဲ့ Artist နဲ့ အောင်မြင်မှုအပေါ်မှုတည်ပြီး မျိုးစုံဖြစ်နေတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Bored Ape Yacht Club (BAYC) NFT Collection တွေဟာဆိုရင် အနိမ့်ဆုံးကြမ်းခင်းစျေးနှုန်းအနေနဲ့ ဒေါ်လာ ၂ သိန်းကျော် တန်ကြေးရှိနေတာကြောင့် စျေးအကြီးဆုံး NFT တွေထဲမှာ ပါဝင်နေပါတယ်။

Bored Ape Yacht Club NFT တွေဟာ အခုလိုမျိုး စျေးနှုန်းမြင့်မားနေတာကတော့ နာမည်ကြီးအနုပညာရှင်တွေအများအပြား ပိုင်ဆိုင်သလို Collection အနေနဲ့ အခုရေ ၁၀,၀၀၀ ပဲ ကန့်သတ်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်စုံတစ်ယောက်ကနေ အခုလိုမျိုး အနိမ့်ဆုံး ဒေါ်လာ ၂ သိန်းကျော် တန်ကြေးရှိတဲ့ Bored Ape Yacht Club NFT ကို ဒေါ်လာ ၂၀၀ နဲ့ ရောင်းချလိုက်ပါတယ်။

အခု ဒေါ်လာ ၂၀၀ နဲ့ရောင်းချခဲ့တဲ့ Bored Ape NFT ကတော့ Ape #6462 ဖြစ်ပြီး Bored Ape NFT Collection တွေထဲမှာ ရှားပါးတဲ့ Bone Necklace ၊ Police Motorcycle Helmet နဲ့ Bored Pizza တွေပါ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်တန်ကြေးထက် အဆများစွာ အရှုံးခံပြီး ရောင်းချခဲ့တာလို့ပြောရမှာပါ။

ဖြစ်နိုင်ခြေများတာကတော့ ရောင်းချတဲ့သူအနေနဲ့ 200ETH (ဒေါ်လာ ၄ သိန်းကျော်) အစား 200 USDC နဲ့ Currency မှားယွင်းရောင်းချမိတာဖြစ်နိုင်ပါတယ်။ တခြားသူတွေကတော့ အခုလိုမျိုး မဖြစ်နိုင်တဲ့စျေးနှုန်းနဲ့ ရောင်းချလိုက်တာဟာ အခွန်ရှောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

Ref – Crypto Potato