Crypto ဈေးကွက်အတော်များများဟာ တစ်ပတ်ကြာ အမြတ်များခဲ့ပြီးတဲ့နောက်မှာတော့ ဈေးနှုန်းတွေက တစ်ဖန်ပြန်ပြီး ကျဆင်းသွားပြန်တာကြောင့် Ethereum, Bitcoin နဲ့ အခြား ထိပ်တန်း Coin တွေဟာ သူတို့ရဲ့ လတ်တလောရရှိထားတဲ့ အမြတ်တွေ ဆုံးရှုံးသွားကြတဲ့အတွက် ဈေးကွက်တစ်ခုလုံးရဲ့ တန်ဖိုးဟာလည်း ဒေါ်လာ ၁ ထရီလီယံအောက် ကျဆင်းသွားပါတယ်။

အခုလိုမျိုး ၁ ထရီလီယံအောက်ကျဆင်းမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Ethereum (ETH) ဟာ ဈေးကွက် Cap အရ ထိပ်တန်း Coin ၁၀ ခုမှာ အကြီးမားဆုံးဆုံးရှုံးမှုကို ကြုံတွေခဲ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ကကျဆင်းဈေးနှုန်းဟာ $1,366 အထိ ဖြစ်သွားခဲ့ပါတယ်။ Ethereum ဟာ ထိပ်တန်း Coin တွေကြားမှာ အမြတ်အများဆုံးရရှိနေတာဖြစ်ပေမဲ့ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း သူ့တန်ဖိုးရဲ့ ၁၃% ကျဆင်းတာကို ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။

Solana (SOL) ကတော့ Coin တစ်ခုကို လက်ရှိပေါက်ဈေး $35 ဖြစ်လာပြီး ၈% နီးပါး တန်ဖိုးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ Cardano (ADA) ကတော့ အခုအချိန်မှာ $0.45 ဖြစ်သွားပြီး သူ့တန်ဖိုးရဲ့ ၆% ကျဆင်းသွားတာ ဖြစ်ပါတယ်။ Bitcoin (BTC) ကတော့ လက်ရှိပေါက်ဈေးဟာ $20,928 ဖြစ်သွားပြီး သူ့တန်ဖိုးဟာ ၅% နီးပါး ကျဆင်းသွားပါတယ်။ (တစ်ပတ်အတွင်းဆိုရင် ၇% နီးပါး ကျဆင်းသွားတာပါ)

ထိပ်တန်း Coin ၁၀ ခုပြင်ပက Non-custodial borrowing, lending, trading app တွေမှာအသုံးပြုတဲ့ DeFi တိုကင်တွေကလည်း လွန်ခဲ့တဲ့ရက်တွေက Decrypt ဖြစ်နေတာကြောင့် ဆိုးရွားတဲ့ကျဆင်းမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုရပါမယ်။ Lido DAO တိုကင် (LDO) က လွန်ခဲ့တဲ့ရက်မှာ $1.30 ပေါက်ဈေးဖြစ်သွားပြီး သူ့တန်ဖိုးရဲ့ ၁၇% ကို ဆုံးရှုံးခဲ့ပါတယ်။ Uniswap တိုကင် (UNI) ကလည်း $6.24 ဖြစ်သွားတာကြောင့် ၁၄% ကျဆင်းသွားတာ ဖြစ်ပါတယ်။

Update: ဒီသတင်းကို ရေးသားနေတဲ့အချိန်မှာတော့ Bitcoin, Ethereum, Binance Coin စတဲ့ နာမည်ကြီး Crypto တွေဟာ အတက်ဘက်ကို ပြန်ပြီးဦးတည်နေတဲ့ အနေအထားကို တွေ့မြင်နေရပါတယ်။

Ref: Decrypt