Blockchain ဒေတာ အဖွဲ့အစည်း Nansen က ထုတ်ပြန်တဲ့ ဈေးကွက် သုတေသန စစ်တမ်းအသစ်အရ Crypto User တွေဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း Ethereum Blockchain မှာ 963,227 ETH(ဒေါ်လာ ၂.၇ ဘီလီယမ်) ဖိုး NFT တွေကို Mint ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အများစုက OpenSea.io မှာ ဖြစ်ပါတယ်။

Crypto users spent $2.7B minting NFTs in first half of 2022: Report | BUSDX News

အဲဒီကာလအတွင်း Mint လုပ်ရာမှာ Ethereum က မတူညီတဲ့ Wallet Address ပေါင်း ၁.၀၈၈ သန်း ပါဝင်တယ်လို့ Nansen က ပြောပါတယ်။ နှိုင်းယှဉ်ရရင် ဒေါ်လာ ၁၀၇ သန်း တန်ကြေးရှိ NFT တွေကို BNB Chain နဲ့ ဒေါ်လာ ၇၇ သန်း တန်ကြေးရှိ NFT တွေကို Avalanche မှာ Mint လုပ်ခဲ့ကြပါတယ်။ အဲဒီ Blockchain ၂ ခုမှာ NFT Minting လုပ်ရာမှာ မတူညီတဲ့ Wallet Address ပေါင်း ၂၆၃,၈၀၀ ပါဝင်ခဲ့ပါတယ်။

Big mistake! Collector sells the NFT of a rock worth $1 million for a penny

မေလ ၁ လထဲမှာတင် NFT Collection ပေါင်း ၆၉ ခု မိတ်ဆက်ခဲ့ပြီး နေ့စဉ် Mint လုပ်တဲ့ ပမာဏဟာ 120,000 ETH ကျော်ပါတယ်။ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း Ethereum မှာ Mint လုပ်တဲ့ NFT Collection စုစုပေါင်းဟာ ၂၈,၉၈၆ ဖြစ်ပါတယ်။ NFT Collection တွေရဲ့ ၃ ပုံပုံ ၂ ပုံကို 5 ETH အောက်နဲ့ ရောင်းခဲ့ပေမယ့် Collection ၁၄၀ ကို 1,000 ETH ကျော်နဲ့ ရောင်းချခဲ့ပါတယ်။

Ethereum က ထိပ်တန်း NFT Collection ၅ ခုဟာ စုစုပေါင်း Mint လုပ်မှုရဲ့ ၈.၄ ရာခိုင်နှုန်း ရှိပြီး အဲဒီအထဲမှာ Pixelmon-Generation 1, Moonbirds, VeeFriends Series 2, Genesis Box နဲ့ World of Women Galaxy တို့ ပါပါတယ်။

Ref : cointelegraph