Damien Hirst က ဒီနှစ်မှာ ကျင်းပမယ့် Frieze London Art Fair ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပြုလုပ်မယ့် ပြပွဲ ၁ ခုမှာ NFTs ၁၀,၀၀၀ ကို ပြသဖို့စီစဉ်ထားပါတယ်။ အဲဒီ ပြပွဲကို LG နဲ့ ပူးပေါင်း ပြုလုပ်မှာ ဖြစ်ပြီး “LG x Damien Hirst: A History of Painting” လို့ နာမည်ပေးထားပါတယ်။ ပွဲမှာ Hirst ရဲ့ နာမည်ကြီး လက်ရာတွေကို NFTs အနေနဲ့ ပြသမှာ ဖြစ်ပြီး LG ရဲ့ OLED TV တွေကနေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

Damien Hirst Has Created 10,000 Artworks That Can Be NFTs, If You Want

Hirst ရဲ့ Keleidoscope and Spin Series ရဲ့ ဒစ်ဂျစ်တယ် ဗားရှင်းတွေကို LG OLED TV တွေကနေ ပြသမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Hirst က သူ့ရဲ့ ပထမဆုံး NFT Series ကို ချပြမှာ ဖြစ်ပြီး “The Currency” လို့ နာမည်ပေးထားပါတယ်။ အဲဒီ NFTs တွေကို ဒီနှစ် အစောပိုင်းက ဖန်တီးခဲ့တာ ဖြစ်ပြီး ဒစ်ဂျစ်တယ် လက်ရာပေါင်း ၁၀,၀၀၀ ပါဝင်ပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် လက်ရာတွေဟာ Physical အနုပညာလက်ရာတွေကို ပုံတူ ပြုထားတာ ဖြစ်ပါတယ်။

Damien Hirst Rolls Out 10,000 NFTs Each With A Choice Of Digital Or Paper -  DesignTAXI.com

NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးတဲ့ နည်းလမ်း ဖြစ်ပြီး Blockchain နည်းပညာကို အသုံးပြုထားပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေထဲမှာ ဓါတ်ပုံ၊ သီချင်း၊ ပန်းချီတွေ ပါဝင်သလို Tweet နဲ့ Sports Trading Card တွေကိုတောင် NFTs အနေနဲ့ ရောင်းချနေကြပါတယ်။

NFTs တွေကို ဒစ်ဂျစ်တယ် Collectibles လို့လည်း ခေါ်ကြပြီး ဒီနှစ်ပိုင်းအတွင်းမှာ အရမ်းကို ရေပန်းစားလာပါတယ်။ အခုဆိုရင် ဒေါ်လာ သန်းနဲ့ချီတဲ့ ဈေးကွက် ဖြစ်လာပြီ ဖြစ်ပြီး NFTs ကြောင့် အနုပညာ ပစ္စည်းရောင်းအားဟာ ဒေါ်လာ ၂.၇ ဘီလီယမ် ရှိလာပြီ ဖြစ်ပါတယ်။

Ref : hyperbeast