Fake Android App ၉ ခုကို Play Store မှာ Download ပြုလုပ်တဲ့ အကြိမ်အရေအတွက်ဟာ ၄၇၀,၀၀၀ ရှိသွားပါပြီ။ အဲဒီ App တွေဟာ Performance Optimization Tools လို့ နာမည်ခံထားကြတာဖြစ်ပြီး တကယ်တော့ သုံးစွဲသူတွေရဲ့ Google နဲ့ Facebook အကောင့်တွေကို တရားမဝင် သုံးနေကြတာပါ။ ဂျပန်က ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Trend Micro က အဲဒီ App တွေကို ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

Trend Micro က အဲဒီ App စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ App တွေမှာ Malware ဟာ “Speed Clean” or “Super Clean” နာမည်နဲ့ ပုန်းနေကြတာဖြစ်ပြီး ဖုန်း စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးတဲ့ Tool ၁ ခု အဖြစ် ဟန်ဆောင်နေကြတာပါ။

အဲဒီ Malware ဟာ တကယ်တော့ ဖုန်းမှာ Malware ပေါင်း ၃ ထောင်လောက်အထိကို Download ပြုလုပ်လိုက်ပြီး Google နဲ့ Facebook အကောင့်တွေက သုံးစွဲသူတွေ ကြိုက်တဲ့ ကြော်ငြာ အမျိုးအစားတွေကို လေ့လာကြပါတယ်။ အဲဒီ Fake Apps တွေက Play Protect နဲ့ Google Play Store က လုံခြုံရေး Program ကို ပိတ်ပြီး Permissions ပေးဖို့ သုံးစွဲသူဆီက တောင်းခံမှာပါ။ သုံးစွဲသူက ခွင့်ပြုလိုက်ရင် ခြေရာခံလို့ မရအောင် Malware တွေကို ပိုပြီး ထည့်သွင်းမှာပါ။

Ref : gizchina