Dell ကုမ္ပဏီက ထုတ်လုပ်တဲ့ Latitude 7285 Laptop က ကမ္ဘာ့ ပထမဆုံး ကြိုးမဲ့ အားသွင်းစနစ်နဲ့ ထုတ်လုပ်တဲ့ 2 in 1 Laptop ဖြစ်ပါတယ်။

Latitude 7285 Laptop ရဲ့ Keyboard က ဖြုတ်လို့၊ တပ်လို့ရတာကြောင့် Laptop ပုံစံမျိုးရော၊ Tablet ပုံစံမျိုးရော အသုံးပြုနိုင်တဲ့ 2 in 1 Laptop ဖြစ်ပါတယ်။

ကြိုးမဲ့ အားသွင်းနိုင်တဲ့ ကိရိယာကို သပ်သပ် ထပ်မံ ၀ယ်ယူရတာကြောင့် ဈေးကြီးမြင့်သွားပါတယ်။

ကုမ္ပဏီက ၁၂ လက်မ Latitude 7285 Laptop ကို အမေရိကန်ဒေါ်လာ ၁၁၉၉.၉၉ နဲ့ ရောင်းချပါတယ်။

အမေရိကန်ဒေါ်လာ ၁၁၉၉.၉၉ နဲ့ ရောင်းချတဲ့ Latitude 7285 Laptop မှာ Intel Core i5-7Y54 ကို အသုံးပြုထားပြီး Storage က 128GB SSD နဲ့ 8 GB Memory ဖြစ်ပါတယ်။

ကြိုးမဲ့ အားသွင်းတဲ့ ဖျာ (Wireless Charging Map) နဲ့ Wireless Charging Keyboard ကို အမေရိကန်ဒေါ်လာ ၅၄၉.၉၉ ဒေါ်လာနဲ့ ရောင်းချပါတယ်။

စုစုပေါင်းဆိုရင် အမေရိကန်ဒေါ်လာ ၁၇၅၀ လောက် ကုန်ကျသွားမှာပါ။ နည်းပညာ အသစ်ကို စမ်းသပ်သုံးကြည့်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေပေမယ့် တခြား ကွန်ပျုတာတွေနဲ့ယှဉ်ရင် တအားကို ဈေးကြီးတယ်လို့ ဆိုရမှာပါ။

Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ Touch မပါတဲ့ New Mac Pro i5 ထက်တောင် ဈေးကြီးတယ်လို့ ဆိုရပါမယ်။