Samsung က Galaxy Watch 5 ကို ဩဂုတ်လ နောက်ပိုင်းကျမှ ကြေညာမှာ ဖြစ်ပြီး အခုတော့ Evleaks က One UI Watch 4.5 ပါတဲ့ Galaxy Watch 5 ရဲ့ Screenshot တွေကို မျှဝေလိုက်ပါတယ်။

Detailed screenshots of Galaxy Watch5 leak running One UI Watch 4.5

QWERTY ကီးဘုတ် Interface ကို ဆန်းသစ်ထားပြီး စာသားတွေ ရိုက်ထည့်ဖို့ အသံ၊ ကီးဘုတ်နဲ့ လက်ရေး Option ၃ မျိုး ပါလာပါတယ်။ ဖုန်းပြော၊ စာပို့တဲ့အခါမှာ ချိတ်ဆက်ထားတဲ့ ဖုန်းက SIM 1 သို့မဟုတ် SIM 2 ကို အသုံးပြုမလားဆိုတာ စမတ်နာရီကနေ ရွေးချယ်နိုင်လာပါတယ်။

Accessibility လုပ်ဆောင်ချက် တချို့ကို Screenshot မှာ တွေ့ရပြီး အမြင်အာရုံ မကောင်းသူတွေဟာ Home Button ကို ၂ ချက်နှိပ်လိုက်တာနဲ့ ဘယ် Screen ကနေ မဆို TalkBack ကို အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က Screen ပေါ်က အရာတွေကို အသံထွက်ဖတ်ပြမှာပါ။

Support for dualSIMSupport for dualSIM

Galaxy Watch 5 မှာ Wear OS 3.5 အစား One UI Watch 4.5 ထည့်သွင်းထားမှာပါ။ လက်ရှိမှာ Wear OS 3  ထည့်ထားတာဆိုလို့ Galaxy Watch 4 နဲ့ မကြာခင်က ကြေညာခဲ့တဲ့ Montblanc Summit 3 တို့ပဲ ရှိပါသေးတယ်။

Google က Wear OS 3 ကို ကြေညာထားတာ ၁ နှစ်ကျော်နေပြီ ဖြစ်ပေမယ့် ကုမ္ပဏီတွေက နောက်ဆုံးထုတ် OS ကို သူတို့ရဲ့ Wearable တွေမှာ ထည့်သွင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ Snapdragon Wear 3100(+)/4100(+) ပလက်ဖောင်း Chipset ပါတဲ့ စမတ်နာရီ တော်တော်များများမှာ Wear OS 2.3 ပဲ ရှိပါသေးတယ်။

Ref : gsmarena