Huawei ဟာ စမတ်လက်ပတ်တွေနဲ့ စမတ်နာရီတွေကို စတင်ထုတ်လုပ်တဲ့ ပထမဆုံး တရုတ်ကုမ္ပဏီတွေထဲက နည်းပညာကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ Huawei ရဲ့ Watch GT တွေဟာ တရုတ်ပြည်ဈေးကွက်မှာသာမက၊ နိုင်ငံတကာဈေးကွက်မှာလည်း ရေပန်းစား၊ လူကြိုက်များတဲ့ စမတ်နာရီတွေလည်း ဖြစ်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ဒီနှစ်နှောင်းပိုင်းမှာ Mate Watch ဆိုတဲ့နာမည်နဲ့ စမတ်နာရီတစ်မျိုးကို မိတ်ဆက်ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ အခုထွက်ပေါ်လာတဲ့ ပေါက်ကြားအချက်အလက်တွေက သိပ်မကြာခင် မိတ်ဆက်ဖွယ်ရှိတဲ့ စမတ်နာရီသစ်ဖြစ်တဲ့ Mate Watch ရဲ့ အချက်အလက်တွေဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Weibo က Blogger တစ်ဦးက Huawei ရဲ့ စမတ်နာရီသစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို Screen Shot ပြုလုပ်ပြီး လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကြားမှုအရ Huawei ရဲ့ စမတ်နာရီသစ်ဟာ ကုဒ်နာမည် “Stia” ဆိုတဲ့အမည်နဲ့ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

ရုပ်ပုံတွေအရ ထပ်ပြီးသိရတာက ဒီစမတ်နာရီဟာ Huawei ရဲ့ အခြားစမတ်နာရီတွေလိုပဲ စက်ဝိုင်းပုံစံ မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ “Stia” စမတ်နာရီနဲ့ တစ်ပါတည်းတွေ့ရတဲ့ ကုဒ်နာမည်ကတော့ “fides” ဖြစ်ပြီး ဒါဟာ စမတ် Band ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစမတ် Band ဟာ Huawei Band4, Band 4 Pro တို့ကို ဆက်ခံမယ်လို့ ယူဆရပါတယ်။

စမတ် Band အတွက် Place holder ပုံမှာတော့ Band မှာ Navigation အတွက် စက်ဝိုင်းပုံစံခလုတ်နဲ့ ခပ်ရှည်ရှည်မျက်နှာပြင် စတုဂံပုံစံ ခပ်ရှည်ရှည် နာရီပုံစံကို တွေ့မြင်ရပါတယ်။ Mate Watch ကို ဒီနှစ်ရဲ့ တတိယသုံးလပတ်အတွင်း Mate 40 စီးရီးတွေနဲ့အတူ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina