Web3 ကမ္ဘာမှာ သင့် အနုပညာလက်ရာတွေကို ခွင့်ပြုချက် မရှိဘဲ NFT တွေထဲမှာ ထည့်သွင်း အသုံးပြုနေတဲ့ ဖြစ်ရပ်များစွာ ရှိပါတယ်။ အခုတော့ ၂၀၀၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အွန်လိုင်း အနုပညာနဲ့ ဒီဇိုင်း အဖွဲ့အစည်း DeviantArt က လူတိုင်းအတွက် NFT Protection Tool ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။

အရင်ကတော့ အဲဒီ Tool ကို DeviantArt Community အဖွဲ့ဝင်တွေပဲ အသုံးပြုလို့ရတာ ဖြစ်ပြီး အခုတော့ အနုပညာရှင်တိုင်း အသုံးပြုနိုင်လာတာ ဖြစ်ပါတယ်။

အခမဲ့ အသုံးပြုရင် ဓါတ်ပုံ ၁၀ ပုံပဲ Upload ပြုလုပ်နိုင်မှာ ဖြစ်ပြီး သင့် အနုပညာလက်ရာကို တစ်စုံတစ်ယောက်က NFT မှာ ယူသုံးရင် သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။ တစ်လကို ၉.၉၅ ဒေါ်လာပေးကာ အသုံးပြုရင် ဖိုင်အရွယ်အစား 50GB ရှိတဲ့ သင့် အနုပညာလက်ရာ ၁,၀၀၀ ကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

The platform lets you upload 10 pieces of art for free.

ကုမ္ပဏီက အဲဒီ Tool ဟာ သင့် အနုပညာလက်ရာတွေကို ပြင်ဆင်ထားတာကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ ပြောပါတယ်။

သင့် အနုပညာလက်ရာတွေကို ကာကွယ်ဖို့ အောက်ပါနည်းလမ်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

  • https://www.deviantartprotect.com/ ကို သွားပါ။
  • Join the Beta ကို နှိပ်ပါ။
  • သင့် အီးမေးကို အသုံးပြုကာ Protection Service ကို Sign Up လုပ်ပါ။
  • သင် ဖန်တီးထားတဲ့ အနုပညာလက်ရာ PNG သို့မဟုတ် JPG ဓါတ်ပုံ ၁၀ ပုံကို Upload လုပ်ပါ။

This is what DeviantArt's NFT theft notification looks like.

ဒါဆိုရင် သင့် အနုပညာလက်ရာတွေကို ခွင့်ပြုချက် မရှိဘဲ ယူသုံးရင် သင့်ကို အသိပေးမှာပါ။ အသိပေးချက် ရရှိပြီးရင် သက်ဆိုင်ရာ ပလက်ဖောင်းကနေ အဲဒီ NFT ကို ဖြုတ်ချပေးဖို့ DeviantArt က ကူညီပေးမှာပါ။

Ref : tnw