MediaTek ဟာ အခုနောက်ပိုင်းမှာ Dimensity Series Chipset အသစ်တွေကို ဆက်တိုက်မိတ်ဆက်လာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း Qualcomm Snapdragon Chipset တွေနဲ့ ယှဥ်ပြိုင်နိုင်နေပြီဖြစ်ပါတယ်။ လာမယ့် မေလ ၁၀ ရက်နေ့မှာ MediaTek ကနေ Flagship Chipset အသစ်ဖြစ်တဲ့ Dimensity 9200+ Chipset ကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အခုလည်း အဆိုပါ MediaTek Dimensity 9200+ Chipset ရဲ့ စွမ်းဆောင်ရည်ကို Benchmarking App တစ်ခုဖြစ်တဲ့ Geekbench 6 ကနေတစ်ဆင့် ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Geekbench 6 ရလဒ်တွေအရ Dimensity 9200+ Chipset ဟာ လက်ရှိ Qualcomm ရဲ့ အကောင်းဆုံး Chipset ဖြစ်တဲ့ Snapdragon 8 Gen 2 ထက်တောင် ပိုပြီး သာလွန်နေပါသေးတယ်။

MediaTek Dimensity 9200+ Chipset ဟာ Geekbench 6 မှာ Single-core အတွက် 2,121 Points အပြင် Multi-Core မှာ 5,655 Points အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုရလဒ်ဟာ လက်ရှိအချိန်မှာ Apple A16 Bionic Chip ကလွဲရင် အမြင့်မားဆုံးစွမ်းဆောင်ရည်ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။

အခုလို MediaTek Dimensity 9200+ Chipset ကို အစောဆုံးအသုံးပြုလာမယ့်ဖုန်းဟာ vivo ရဲ့ X90S Flagship ဖုန်းဖြစ်ပြီး လာမယ့် မေလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Dimensity 9200+ Chipset ဟာ 3.5GHz Cortex-X3 Main Core ၊​ 3.0GHz 3x Cortex A-175 Core အပြင် 4x Cortex-A510 Core တွေအသီးသီးပါဝင်တဲ့ Chipset ဖြစ်ပြီး 4nm FinFET Architecture ကို အခြေခံပြီး တည်ဆောက်ထားမယ်လို့ သိရပါတယ်။​

Ref – GSM Arena