DJI ဟာ လက်ရှိအချိန်မှာ Drone နဲ့ Gimbal စျေးကွက်မှာ အောင်မြင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး အသုံးပြုသူအများအပြားရှိနေပြီဖြစ်ပါတယ်။ DJI Product အများအပြားဟာလည်း စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုဖို့ လိုအပ်ပြီး ဥပမာ Drone တွေအတွက်ဆိုရင် Viewfinder အနေနဲ့ အသုံးပြုနေရတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတစ်ခုအရတော့ Google Pixel 6 Series ဖုန်းတွေနဲ့ DJI App တွေကို အသုံးပြုမယ်ဆိုရင် အသုံးပြုမရဖြစ်နေတဲ့ Error တစ်ခုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် DJI Fly နဲ့ Mino App တွေဟာ Latest Version မှာတောင် အသုံးပြုနိုင်ခြင်းမရှိဘဲ အသုံးပြုသူတွေက Black Screen ပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ တခြားသော App ကို အသုံးပြုတဲ့နေရာမှာတော့ ကောင်းကောင်းအသုံးပြုနိုင်ပေမယ့် Black Screen ဖြစ်နေတာပဲ ပြဿနာဖြစ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး Error ဖြစ်နေတာကြောင့် DJI Drone ကို Google Pixel 6 Series ဖုန်းတွေနဲ့ လုံးဝအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါက Pixel 6 Series ဖုန်းတွေမှာပဲ ဖြစ်ပေါ်နေတာဖြစ်ပြီး ကျန်တဲ့ Pixel 4 XL လိုမျိုး ဖုန်းတွေမှာတော့ ကောင်းကောင်းအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ဖြစ်နိုင်ခြေများနေတာကတော့ DJI App တွေဟာ Google Pixel 6 Series မှာ အသုံးပြုထားတဲ့ Tensor Chip နဲ့ Bug ဖြစ်နေတာကြောင့် အခုလိုမျိုး ပြဿနာဖြစ်ပေါ်နေတာဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ DJI ကတော့ ဘာကြောင့်ဖြစ်ပွားသလဲဆိုတာကို ပြန်လည်ဖြေရှင်းထားခြင်းမရှိသေးဘဲ တခြားသော Mobile Device ကိုပဲ ပြောင်းလဲအသုံးပြုဖို့ အကြံပြုထားပါတယ်။

ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ Google Pixel 6 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Tensor Chip ဟာ တချို့သော Application တွေနဲ့ အဆင်မပြေသေးတာကတော့ သေချာသလောက်ဖြစ်နိုင်ပါတယ်။

Ref – Gizmo China