DJI ဟာ လက်ရှိ Drone နဲ့ Camera Accessory စျေးကွက်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလည်း DJI ကနေ Professional Aerial Cinematography စျေးကွက်အတွက် Inspire 3 အမည်ရှိ နောက်ဆုံးပေါ် Drone အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ DJI Inspire 3 ဟာ ယခင် Inspire Series Drone တွေနဲ့ ဒီဇိုင်းပိုင်းကအစ Sensor နဲ့ ချိတ်ဆက်မှုပိုင်း အကုန်လုံးနီးပါးကို အဆင့်မြှင့်ထားခဲ့ပါတယ်။

Camera Sensor ပိုင်းမှာ Full-frame Zenmuse X9-8K Air Gimbal Camera Sensor ကို ထည့်သွင်းပေးထားပြီး DJI ရဲ့ CineCore 3.0 Image Processing System ဖြင့် မောင်းနှင်မှာဖြစ်ပါတယ်။

အမြင့်ဆုံး 8K Video တွေကို CinemaDNG Format ဖြင့် 25fps ၊ Apple ProRes RAW Format ဖြင့် 75fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး 4K 120fps ProRes RAW ကိုလည်း Crop ပြုလုပ်ခြင်းမရှိဘဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် High-end Cinema Camera တွေမှာပဲ ပါဝင်တဲ့ Dual Native ISO ကိုလည်း EI 800 နှင့် 4000 ကို 30fps အောက်မှာ ထောက်ပံပေးနိုင်ပြီး 30p အထက်မှာဆိုရင် EI 320 နဲ့ 1600 ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Dynamic Range ပိုင်းမှာ 14 Stops အထိရိုက်ကူးနိုင်မှာဖြစ်ပြီး အသားအရောင်တိကျမှုတွေအတွက် DJI Cinema Color System (DCSS) ကို ထောက်ပံ့ထားမှာပါ။

ဒါတင်မဟုတ်သေးဘဲ Processional Cinema Camera တွေလိုမျိုး DJI DL Mount ကို တပ်ဆင်ပေထားတာကြောင့် 18mm f2.8 Full Frame Lens အပြင် 8K Video ရိုက်ကူးနိုင်တဲ့ Telephoto Lens တွေကိုပါ ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ FPV Camera ၊ Visual Sensor ၊ Positioning Antenna နဲ့ Storage Card တွေကို ထည့်သွင်းပေးထားပြီး အမြန်ဆုံး 94km/h အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ အကွာအဝေးအနေနဲ့ အများဆုံး 15km အထိ Controller Mode မှာထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

ထိန်းချုပ်မှုတွေအတွက် DJI RC Plus Controller ပါဝင်မှာဖြစ်ပြီး 7-inch 1200-nit Display ကို ထည့်သွင်းပေးထားပါတယ်။ DJI Inspire 3 Drone ဟာ TB61 Dual Battery ကို အသုံးပြုထားပြီး စုစုပေါင်း ၂၈ မိနစ်အထိ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

DJI Inspire 3 ဟာ Professional ရုပ်ရှင်ရိုက်ကူးရေးတွေအတွက် အဓိကထားထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၆,၄၉၉ ကျသင့်မယ်လို့ သိရပါတယ်။ လာမယ့် ဇွန်လကုန်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး သီးသန့် Lenses တွေကို ထပ်မံဝယ်ယူရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena