မူလ Meme Coin ကို Dreaming Doge အမည်ရ NFT Collection အဖြစ် တည်ထောင်သူက အသက်သွင်းလိုက်ပြီ ဖြစ်ပြီး OpenSea ပလက်ဖောင်းကနေ ရောင်းချပေးလိုက်ပါပြီ။ Dreaming Doge မှာ ဒစ်ဂျစ်တယ် အနုပညာလက်ရာ ၈ ခု ပါလာပြီး ၁ ခုချင်းစီအတွက် Edition ၈၈ ခု ထုတ်လုပ်ပေးထားကာ ၁ ခုကို ဒေါ်လာ ၂၅၄ ဝန်းကျင် ကျသင့်ပါတယ်။ Ethereum နဲ့တွက်ရင် 0.088 ETH တန်ကြေးရှိပါတယ်။

Litecoin Creator Praises Dogecoin, Can The Token Get Its Bark Back?

NFT ဈေးကွက်ဟာ တစ်ကမ္ဘာလုံးမှာ ကြီးထွားလာပြီး ဒေါ်လာ သန်းနဲ့ချီကာ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ တချို့နိုင်ငံတွေမှာ NFT လို ဒစ်ဂျစ်တယ် ပစ္စည်းတွေအတွက် ဥပဒေတွေ ပြဌာန်းပေးဖို့နဲ့ အခွန်စည်းကြပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Dogecoin Co-creator Jackson Palmer criticizes the crypto industry

Dogecoin ကို Software Engineer Billy Markus aka Shibetoshi Nakamoto နဲ့ Jackson Palmer တို့က ဖန်တီးခဲ့တာ ဖြစ်ပြီး Elon Musk ရဲ့ ထောက်ခံအားပေးမှုကို ရထားပါတယ်။ Dogecoin ဟာ အခုဆိုရင် Bitcoin နဲ့ Ethereum တို့လောက် နာမည်ကြီးလာပြီ ဖြစ်ပါတယ်။

အခုဆိုရင် မူလ Meme Coin ကို တည်ထောင်သူတွေထဲက ၁ ယောက်ရဲ့ Dreaming Doge NFT တွေကို ဝယ်ယူနိုင်ပြီ ဖြစ်ပြီး 0.088 ETH ဈေးနှုန်းက NFT ဈေးကွက်ထဲမှာ  သိပ်မများဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

NFT or Non-fungible Token ဟာ ဓါတ်ပုံ၊ ပန်းချီ၊ Tweet ၊ ပိုစတာတို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်သားထားပါတယ်။ ကမ္ဘာအဝန်းမှာ NFT ဈေးကွက်ဟာ ကြီးထွားလာပြီး နာမည်ကျော် မင်းသား၊ မင်းသမီးတွေတောင် NFT တွေ ဖန်တီးရောင်းချလာကြပါတယ်။

Ref : notebookcheck