[Zawgyi]

အေမရိကန္ သမၼတ Donald Trump ဟာ Apple အေနနဲ႔ Mac Pro ရဲ႕ ပစၥည္းအစိတ္အပိုင္းေတြကို တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္တဲ့အတြက္ အခြန္ကင္းလြတ္ခြင့္ ရရွိမွာ မဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။ အခုေတာ့ Trump က Apple ကို အေမရိကန္ႏိုင္ငံ၊ တက္ဆက္ျပည္နယ္မွာ စက္႐ုံတည္ေဆာက္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ဖြင့္ဟေျပာဆိုလာပါတယ္။

Trump က “ Apple စက္႐ုံကို အေမရိကန္မွာပဲ ေဆာက္တာ က်ဴပ္လိုခ်င္တယ္။ တ႐ုတ္မွာ သြားေဆာက္တာ က်ဴပ္မလိုခ်င္ဘူး။ သူတို႔သာ တက္ဆက္ျပည္နယ္မွာ စက္႐ုံေဆာက္ေတာ့မယ္လို႔ ေၾကညာလိုက္ရင္ က်ဴပ္ အရမ္းေပ်ာ္မိမွာပဲ “ ဆိုၿပီး အိမ္ျဖဴေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူက Apple ရဲ႕ Mac Pro ေတြကို တ႐ုတ္မွာ သြားထုတ္မယ္ၾကားေတာ့ ”ဟုတ္ၿပီ…မင္းတို႔ ထုတ္ခ်င္ ထုတ္၊ မင္းတို႔ တ႐ုတ္မွာ သြားထုတ္လို႔ရတယ္။ ေအး…ဒါေပမယ့္ မင္းတို႔ပစၥည္းေတြကို အေမရိကန္ႏိုင္ငံထဲ လာပို႔ရင္ ငါကေတာ့ အခြန္ေကာက္မွာပဲ” ဆိုၿပီး Apple ကို ေျပာၾကားခဲ့ေသးတယ္လို႔ သိရပါတယ္။

Apple အေနနဲ႔ လြန္ခဲ့တဲ့ ၂၀၁၃ခုႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ Mac Pro ေတြကို တက္ဆက္ျပည္မွာ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ထုတ္လုပ္မႈ လုပ္ငန္းစဥ္ေတြမွာ ပစၥည္းအစိတ္အပိုင္း လိုအပ္ခ်က္မ်ားစြာ ရွိခဲ့ၿပီး ျပႆနာေတြလည္း ႀကဳံေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Apple ဟာ အမိေျမကို ေနာက္ေၾကာင္းျပန္မလွည့္ခ်င္တာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအက်ိဴးဆက္က အနည္းဆုံး ကန္ေဒၚလာ ၆,၀၀၀ ( ျမန္မာေငြ သိန္း ၉၀ ဝန္းက်င္) ကေန အမ်ားဆုံး ကန္ေဒၚလာ ၅၀,၀၀၀ ( ျမန္မာေငြ ၇၅၀ ဝန္းက်င္) အထိ က်သင့္မယ့္ တ႐ုတ္ႏိုင္ငံမွာ ထုတ္တဲ့ 2019 Mac Pro တစ္လုံးခ်င္းစီအတြက္ အေမရိကန္ကို အခြန္ ၂၅% ေပးေဆာင္ရမွာ ျဖစ္ပါတယ္။ အေမရိကန္မွာ ထုတ္လုပ္မယ္ဆိုရင္ေတာ့ အခြန္ေဆာင္စရာ မလိုဘူးလို႔ Trump က ေျပာၾကားထားပါတယ္။

Ref : 9To5Mac

[Unicode]

Apple Devices တွေ တရုတ်နိုင်ငံမှာ ထုတ်လုပ်တာကို မျက်မုန်းကျိူးနေတဲ့ Donald Trump

အမေရိကန် သမ္မတ Donald Trump ဟာ Apple အနေနဲ့ Mac Pro ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် ရရှိမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ အခုတော့ Trump က Apple ကို အမေရိကန်နိုင်ငံ၊ တက်ဆက်ပြည်နယ်မှာ စက်ရုံတည်ဆောက်ဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။

Trump က “ Apple စက်ရုံကို အမေရိကန်မှာပဲ ဆောက်တာ ကျူပ်လိုချင်တယ်။ တရုတ်မှာ သွားဆောက်တာ ကျူပ်မလိုချင်ဘူး။ သူတို့သာ တက်ဆက်ပြည်နယ်မှာ စက်ရုံဆောက်တော့မယ်လို့ ကြေညာလိုက်ရင် ကျူပ် အရမ်းပျော်မိမှာပဲ “ ဆိုပြီး အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက Apple ရဲ့ Mac Pro တွေကို တရုတ်မှာ သွားထုတ်မယ်ကြားတော့ ”ဟုတ်ပြီ…မင်းတို့ ထုတ်ချင် ထုတ်၊ မင်းတို့ တရုတ်မှာ သွားထုတ်လို့ရတယ်။ အေး…ဒါပေမယ့် မင်းတို့ပစ္စည်းတွေကို အမေရိကန်နိုင်ငံထဲ လာပို့ရင် ငါကတော့ အခွန်ကောက်မှာပဲ” ဆိုပြီး Apple ကို ပြောကြားခဲ့သေးတယ်လို့ သိရပါတယ်။

Apple အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mac Pro တွေကို တက်ဆက်ပြည်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု လုပ်ငန်းစဥ်တွေမှာ ပစ္စည်းအစိတ်အပိုင်း လိုအပ်ချက်များစွာ ရှိခဲ့ပြီး ပြဿနာတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Apple ဟာ အမိမြေကို နောက်ကြောင်းပြန်မလှည့်ချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအကျိူးဆက်က အနည်းဆုံး ကန်ဒေါ်လာ ၆,၀၀၀ ( မြန်မာငွေ သိန်း ၉၀ ဝန်းကျင်) ကနေ အများဆုံး ကန်ဒေါ်လာ ၅၀,၀၀၀ ( မြန်မာငွေ ၇၅၀ ဝန်းကျင်) အထိ ကျသင့်မယ့် တရုတ်နိုင်ငံမှာ ထုတ်တဲ့ 2019 Mac Pro တစ်လုံးချင်းစီအတွက် အမေရိကန်ကို အခွန် ၂၅% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ထုတ်လုပ်မယ်ဆိုရင်တော့ အခွန်ဆောင်စရာ မလိုဘူးလို့ Trump က ပြောကြားထားပါတယ်။

Ref : 9To5Mac