အကြမ်းခံ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးတဲ့ Doogee က ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ S96 Pro လို့ နာမည်ပေးထားပြီး ဒီဇိုင်းက တကယ်ကို အကြမ်းခံမှာ သေချာပါတယ်။ MediaTek Helio G90 Chipset မောင်းနှင်ထားပြီး 8GB RAM, 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ ဒါ့အပြင် SIM Card ၂ ခုကိုပါ microSD Card နဲ့ တစ်ပြိုင်နက် ထည့်သုံးနိုင်မှာပါ။


Doogee S96 Pro မှာ ၆.၂၂ လက်မ 720x1520p LCD မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main ကင်မရာနဲ့အတူ 20MP Night Vision , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Doogee S96 Pro rugged smartphone launches with infrared night vision

IP68 , IP69K နဲ့ MIL-STD 810G စံနှုန်းတွေ ပါလာပြီး အရမ်းကို အကြမ်းခံပါတယ်။ ရေအနက် ၅ မီတာ အထိ ယူဆောင် သုံးနိုင်ပြီး ရေအောက်ထဲမှာလည်း ကင်မရာက အလုပ်လုပ်ပါတယ်။ ရေအနက် ၁.၅ မီတာမှာ ၃၀ မိနစ်အထိ အသုံးပြုနိုင်ပါတယ်။

Doogee S96 Pro ဟာ အပူချိန်အရမ်းမြင့်မားတာကို ခံနိုင်သလို အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်အပေါ် ပြုတ်ကျရင်လည်း အေးဆေးပါပဲ။ အရွယ်ကြီး 6,350mAh ဘက်ထရီ ပါလာပြီး 24W Fast Wired Charging နဲ့ 10W Wireless Charging တွေ ထောက်ပံ့ထားပါတယ်။ Android 10 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါတဲ့အပြင် Face Unlock ပါ သုံးနိုင်ပါတယ်။ Fire Orange, Army Green နဲ့ Mineral Black ၃ ရောင် ထုတ်လုပ်ထားပြီး ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။ အကြမ်းခံစွမ်းရည်မြင့်မားတဲ့ ဖုန်း ၁ လုံးကို မြန်မာငွေ ၃ သိန်း ၈ သောင်းလောက်နဲ့ ပိုင်ဆိုင်နိုင်မှာပါ။

Ref : gsmarena