Doogee က X95 စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပြီး ဈေးက အရမ်းကို ချိုပါတယ်။ ၆၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သောင်းကျော်ပဲရှိပါတယ်။ ဈေးချိုပေမယ့် ခေတ်ပေါ် ဒီဇိုင်း ဖန်တီးထားပါတယ်။ အနက်၊ အစိမ်းနဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ၆.၅၂ လက်မ HD+ 19:9 LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Stock Android 10 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 13MP Main , 2MP Depth နဲ့ 2MP Telephoto (2x Zoom) ကင်မရာတွေ ပါပါတယ်။

အရွယ်သေး Notch မှာ 5MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး MediaTek MT6737 Chipset မောင်းနှင်ထားပါတယ်။ 1.3GHz Quad-core Cortex-A53 CPU မောင်းနှင်ထားပြီး 2GB RAM , 32GB Storage ထည့်သွင်းထားပါတယ်။ SIM Card ၂ ခု စိုက်နိုင်သလို microSD Card လည်း ထည့်သွင်းနိုင်ပါတယ်။

Doogee X95 မှာ 4,350mAh ဘက်ထရီ ပါလာပြီး 10W Wired Charging ထောက်ပံ့ထားပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာ မပါပါဘူး။ အရှေ့ ကင်မရာကနေ Face Unlock ကို အသုံးပြုနိုင်ပါတယ်။ AliExpress , Gearbest နဲ့ Doogee ရဲ့ အွန်လိုင်း စတိုးကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Ref : gsmarena