[Zawgyi]

DxOMark ဟာ Samsung Galaxy S10 Plus ရဲ႕ ကင္မရာ Review ကို ထုတ္ျပန္ေၾကညာ လိုက္ပါၿပီ။ Galaxy S10 Plus ဟာ ေက်ာဘက္မွာ Triple Camera Setup ကို အလ်ားလိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မွာ Dual Camera Setup ကို တပ္ဆင္ထားတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP (f/1.5-2.4, OIS) Wide + 16MP (f/2.2) Ultra-wide + 12MP (f/2.4, OIS, 2x Optical Zoom) Telephoto Lens ေတြကို အလ်ားလိုက္ တပ္ဆင္ထားပါတယ္။ Selfie Camera မွာေတာ့ 10MP (f/1.9) Wide + 8MP Depth Sensor ေတြကို ေပါင္းစပ္တပ္ဆင္ထားမွာပါ။ Camera Specs ေတြအရဆိုရင္ Aperture ၂ခုေျပာင္းလို႔ရၿပီး OIS စနစ္ပါဝင္တဲ့ 12MP Main Camera က Galaxy 10 Plus ရဲ႕ အားသာခ်က္လို႔ ေျပာရမွာပါ။

Galaxy S10 Plus ဟာ စုစုေပါင္း ရမွတ္ ၁၀၉မွတ္အထိ ရရွိခဲ့တာေၾကာင့္ DxOMark Mobile မွာ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ ပူးတြဲသတ္မွတ္ခံလိုက္ရတာပါ။ DxOMark Mobile ဇယားထိပ္မွာ Galaxy S10 Plus နဲ႔အတူ ပူးတြဲေနရာယူထားတဲ့ သူေတြကေတာ့ Huawei P20 Pro နဲ႔ Mate 20 Pro တို႔ျဖစ္ပါတယ္။ Galaxy S10 Plus နဲ႔ တစ္ရက္တည္း မိတ္ဆက္ခဲ့တဲ့ Xiaomi Mi 9 ကေတာ့ တတိယေနရာကေန စတုတၱေနရာကို ေရာက္ရွိသြားပါတယ္။

 

Samsung Galaxy S10 Plus ဟာ Rear Camera သာမက Selfie Camera မွာလည္း အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခံထားရပါတယ္။ Selfie Camera မွာေတာ့ စုစုေပါင္း ရမွတ္ ၉၆မွတ္နဲ႔အတူ DxOMark Mobile ရဲ႕ ဇယားထိပ္ဆုံးမွာ တကိုယ္တည္း ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဒုတိယေနရာကိုေတာ့ ၉၂မွတ္ ရရွိထားတဲ့ Google Pixel 3 က ပိုင္ဆိုင္ထားပါတယ္။

DxOMark က Samsung Galaxy S10 Plus ကို Huawei Mate 20 Pro, Apple iPhone XS Max တို႔နဲ႔ ႏႈိင္းယွဥ္႐ိုက္ကူးထားနဲ႔ ပုံေတြကို ေအာက္မွာ ၾကည့္ရႈႏိုင္ပါတယ္။

Selfie

 

Ref : DxOMark Mobile

[Unicode]

DxOMark မှာ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် ပူးတွဲရပ်တည်နေတဲ့ Samsung Galaxy S10 Plus

DxOMark ဟာ Samsung Galaxy S10 Plus ရဲ့ ကင်မရာ Review ကို ထုတ်ပြန်ကြေညာ လိုက်ပါပြီ။ Galaxy S10 Plus ဟာ ကျောဘက်မှာ Triple Camera Setup ကို အလျားလိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မှာ Dual Camera Setup ကို တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

ကျောဘက် ကင်မရာအပိုင်းအတွက် 12MP (f/1.5-2.4, OIS) Wide + 16MP (f/2.2) Ultra-wide + 12MP (f/2.4, OIS, 2x Optical Zoom) Telephoto Lens တွေကို အလျားလိုက် တပ်ဆင်ထားပါတယ်။ Selfie Camera မှာတော့ 10MP (f/1.9) Wide + 8MP Depth Sensor တွေကို ပေါင်းစပ်တပ်ဆင်ထားမှာပါ။ Camera Specs တွေအရဆိုရင် Aperture ၂ခုပြောင်းလို့ရပြီး OIS စနစ်ပါဝင်တဲ့ 12MP Main Camera က Galaxy 10 Plus ရဲ့ အားသာချက်လို့ ပြောရမှာပါ။

Galaxy S10 Plus ဟာ စုစုပေါင်း ရမှတ် ၁၀၉မှတ်အထိ ရရှိခဲ့တာကြောင့် DxOMark Mobile မှာ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် ပူးတွဲသတ်မှတ်ခံလိုက်ရတာပါ။ DxOMark Mobile ဇယားထိပ်မှာ Galaxy S10 Plus နဲ့အတူ ပူးတွဲနေရာယူထားတဲ့ သူတွေကတော့ Huawei P20 Pro နဲ့ Mate 20 Pro တို့ဖြစ်ပါတယ်။ Galaxy S10 Plus နဲ့ တစ်ရက်တည်း မိတ်ဆက်ခဲ့တဲ့ Xiaomi Mi 9 ကတော့ တတိယနေရာကနေ စတုတ္တနေရာကို ရောက်ရှိသွားပါတယ်။

Samsung Galaxy S10 Plus ဟာ Rear Camera သာမက Selfie Camera မှာလည်း အကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ Selfie Camera မှာတော့ စုစုပေါင်း ရမှတ် ၉၆မှတ်နဲ့အတူ DxOMark Mobile ရဲ့ ဇယားထိပ်ဆုံးမှာ တကိုယ်တည်း ဦးဆောင်နေတာဖြစ်ပါတယ်။ ဒုတိယနေရာကိုတော့ ၉၂မှတ် ရရှိထားတဲ့ Google Pixel 3 က ပိုင်ဆိုင်ထားပါတယ်။

DxOMark က Samsung Galaxy S10 Plus ကို Huawei Mate 20 Pro, Apple iPhone XS Max တို့နဲ့ နှိုင်းယှဥ်ရိုက်ကူးထားနဲ့ ပုံတွေကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Selfie

Ref : DxOMark Mobile