Realme X2 Pro ဟာ ကုမ္ပဏီရဲ့ ပထမဆုံး High-end Flagship လို့ ပြောရမှာပါ။ Snapdragon 855+ SoC, 6-12GB of RAM, 64MP အပါအဝင် ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 16MP ဖြစ်ပေမယ့် DxOMark ကတော့ သဘောမတွေ့ဘူးလို့ ဆိုပါတယ်။

Realme X2 Pro ရဲ့ f/2.0 aperture ဖြစ်တဲ့ 16MP Selfie ဟာ ကိန်းဂဏန်းအရကြည့်မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ထွက်လာတဲ့ ရုပ်ပုံတွေရဲ့ ရလဒ်ကို ကြည့်မယ်ဆိုရင်ပဲဖြစ်ဖြစ် သိပ်ပြီးဆိုးလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် Flagship ဖုန်းတစ်လုံးမှာရှိသင့်တဲ့ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုအချို့ မရှိတာကြောင့် DxOMark ရဲ့ ဝေဖန်မှုမှာ ရလဒ်ကောင်းမရခဲ့တာပါ။

ဥပမာအားဖြင့် Autofocus မရှိတာ၊ လက်ရှိခေတ်ပြိုင် Flagship တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းနည်းတာ၊ အကွာအဝေးနဲ့ ရွေ့လျားမှုကိုမူတည်ပြီး ထွက်ပေါ်လာတဲ့ပုံရဲ့ အရောင်မှတ်ယူပုံမတည်ငြိမ်တာ စတာတွေက အဓိကဝေဖန်စရာလိုဖြစ်ခဲ့ရပါတယ်။ ရမှတ်အားဖြင့်တော့ ဓါတ်ပုံပိုင်းရော၊ ဗီဒီယိုရိုက်ကူးမှုပိုင်းပါ ၇၄ မှတ်စီရခဲ့ပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ကူးမှုမှာ Exposure က ၆၃ မှတ်နဲ့ Focus က ၄၂ မှတ်ပဲ ရရှိခဲ့တာပါ။

ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာလည်း Stabilization က ရမှတ် ၅၀ ပဲ ဖြစ်ခဲ့တာကလည်း Selfie ကင်မရာရဲ့ ပျမ်းမျှရမှတ်ကို လျော့ကျစေတဲ့အချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။ ဒီဝေဖန်ချက်က Selfie ကင်မရာအတွက်ပဲ ဖြစ်ပါတယ်။ Realme X2 Pro အနေနဲ့ဆိုရင်တော့ Huawei Mate 20 Pro နဲ့ Huawei P20 Pro တို့ကြားမှာ ရှိနေပြီး iPhone X ထက်တောင် အနည်းငယ်အသာရတယ်လို့ ဆိုနိုင်ပါတယ်။

Ref: GSM Arena