တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကြဖြစ်တဲ့ အကြီးမားဆုံး Gaming Event တစ်ခုဖြစ်တဲ့ E3 ဟာဆိုရင် ဒီနှစ်မှာတော့ ပြုလုပ်နိုင်ဖြစ်မှာမဟုတ်တော့ပါဘူး။ ဒါကလည်း လက်ရှီဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်ပဲဖြစ်ပါတယ်။

အခုသတင်းကိုတော့ Ars Technica ကနေ ဖော်ပြခဲ့တာဖြစ်ပြီး တရားဝင်ကြေညာထားတာမျိုးတော့မဟုတ်သေးပေမယ့် Entertainment Software Association နဲ့နီးစပ်တဲ့သတင်းတွေအကုန်လုံးက E3 ကို ဖျက်သိမ်းတော့မှာဖြစ်တဲ့အကြောင်းအတည်ပြုပြောကြားနေကြတာဖြစ်ပါတယ်။ Ars Technica ရဲ့ ဖော်ပြချက်မှာတော့ မကြာခင်မှာ အခု E3 2020 Event ဖျက်သိမ်းမှုကို တရားဝင်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Video Game Publisher တစ်ဦးဖြစ်တဲ့ Devolver Digital ကလည်း “Cancel your E3 flights and hotels, y’all.” ဆိုပြီး Twitter မှာတင်ထားခဲ့တဲ့အတွက် အခုလိုမျိုး E3 Event ဖျက်သိမ်းဖို့က သေချာသလောက်ကိုရှိနေပါပြီ။

ဘာပဲဖြစ်ဖြစ် လာမယ့်ဇွန်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပဖို့ရည်ရွယ်ထားတဲ့ E3 Event ကတော့ ဒီနှစ်မှာတခြားသော Event တွေဖြစ်တဲ့ MWC ၊ Game Developer Conference နဲ့ Facebook F8 လိုမျိုးပဲ ကျင်းပနိုင်ခြေမရှိတော့တာကတော့ ဝမ်းနည်းစရာပါ။

Ref – CNet