Zawgyi
Huawei P20 Pro မှ ၄င်းတို့၏ Pixel ပမာဏ အများဆုံးပါဝင်သည့် ကမ္ဘာ့ပထမဆုံး Leica Camera သုံးလုံးကြောင့် စမတ်ဖုန်းလောကထဲတွင် ဝင့်ကြွားနိုင်ခဲ့သည်။ ထို့အပြင် ၄င်းသည် 3x Optical Zoom နှင့် 5x hybrid zoon တို့အပြင် Huawei AIS (AI Image Stabilization) ကဲ့သို့သော တီထွင်ဆန်းသစ်သည့် နည်းပညာများ ထည့်သွင်းထုတ်လုပ်လာနိုင်ခဲ့သည်။
Unicode
EISA မှ ချီးမြှင့်သည့် “Best Smartphone of the Year” ဆုအား Huawei P20 Pro မှ ရရှိ
အဆိုပါ flagship ဖုန်းသည် အံ့သြချီးကျူးဖွယ် အရည်အသွေး၊ ဒီဇိုင်း နှင့် လုပ်ဆောင်ချက်များဖြင့် ပြည့်စုံပြီး သူမတူသည့် Leica ကင်မရာသုံးလုံးတွဲဆက်မှုဖြင့် သုံးစွဲသူများကို အကောင်းဆုံးအတွေ့အကြုံများပေးစွမ်းနိုင်သဖြင့် ဆုချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်သည်
ရန်ကုန်၊ မြန်မာ – သြဂုတ်လ ၁၇ ရက် ၊ ၂၀၁၈ ခုနှစ် ။ ။ Huawei Consumer Business Group (CBG) သည် European Image and Sound Association (EISA) မှ ချီးမြှင့်သည့် “Best Smartphone of the Year” ဆု အား သြဂုတ်လ ၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ EISA သည် ကမ္ဘာ့ယုံကြည်မှုအများဆုံးသော Consumer Electronics Magazines ပေါင်း ၅၅ ခု ဖြင့် ပေါင်းစည်းထားသည့် အဖွ့ဲအစည်းဖြစ်သည်။ Huawei P20 Pro သည် ၎င်း၏ အရည်အသွေး၊ ဒီဇိုင်း နှင့် စွမ်းဆောင်ရည်ပိုင်း တို့အပြင် ကုမ္ပဏီ၏ စတိုင်ကျပြီး စွမ်းရည်မြင့်မားသည့် ထုတ်ကုန်များကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်လိုသည့် ကတိကဝတ်ကို အသိအမှတ်ပြုသည့် အနေဖြင့် “EISA Best Smartphone 2018-2019” အဖြစ် ပေးအပ်ခြင်းခံခဲ့ရသည်။ ယခုနှစ်ဖြင့်ဆိုလျှင် Huawei သည် EISA ၏ အသိအမှတ်ပြုမှုကို ခံနေရသည်မှာ ၆ နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။
Huawei Consumer Business Group ၏ Vice President ဖြစ်သည့် Li Changzhu မှ “ကျွန်တော်တို့အတွက် အရေးအကြီးဆုံးသော ဆု ကတော့ သုံးစွဲသူတွေ ကြိုက်နှစ်သက်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ မိုဘိုင်းဖုန်းဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံတွေကို ပေးအပ်နေနိုင်တာက ကျွန်တော်တို့အတွက် အရေးကြီးဆုံး ဆုတစ်ခုဖြစ်ပါတယ်။ Huawei P20 Pro ကဆိုရင် ဓာတ်ပုံရိုက်ကူးမှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အများအပြားပါဝင်ပြီးတော့ သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ အမှတ်တရတွေကို ဝေမျှနိုင်တဲ့ အခွင့်အရေးကို ရရှိနိုင်ပြီဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
EISA မှ Huawei P20 Pro အား ရွေးချယ်ရခြင်းမှာ “အဆင့်မြင့်ဆုံး ၊ တီထွင်ဖန်တီးမှုအများဆုံး နှင့် နည်းပညာပိုင်းဆိုင်ရာ အမြင့်မားဆုံး စမတ်ဖုန်း” ဖြစ်သည့်အပြင် မိုဘိုင်ဖုန်းသုံးစွဲသူများ နှင့် မိုဘိုင်းဖုန်း ဓာတ်ပုံပညာရပ်နယ်ပယ်တွင် နည်းလမ်းသစ်ချမှတ်နိုင်သောသူ ဖြစ်သောကြောင့်လည်းဖြစ်သည်။
Huawei P20 Pro မှ ၎င်းတို့၏ Pixel ပမာဏ အများဆုံးပါဝင်သည့် ကမ္ဘာ့ပထမဆုံး Leica Camera သုံးလုံးကြောင့် စမတ်ဖုန်းလောကထဲတွင် ဝင့်ကြွားနိုင်ခဲ့သည်။ ထို့အပြင် ၎င်းသည် 3x Optical Zoom နှင့် 5x hybrid zoon တို့အပြင် Huawei AIS (AI Image Stabilization) ကဲ့သို့သော တီထွင်ဆန်းသစ်သည့် နည်းပညာများ ထည့်သွင်းထုတ်လုပ်လာနိုင်ခဲ့သည်။
ကျော့ရှင်းလှပသည့် Huawei P20 Pro သည် ၎င်း၏ ပါးလွှာသည့် ဘေးဘောင်များ နှင့် ထူးခြားသည့် ရောင်ပြေးအရောင်များပါဝင်သည်။ ကမ္ဘာ့ပထမဆုံး AI အားဖြည့်ထားသည့် chipset ကြောင့် အဆိုပါဖုန်းသည် မြန်ဆန်ချောမွေ့သည့် သုံးစွဲသူအတွေ့အကြုံကို ရရှိစေနိုင်မည်ဖြစ်သည်။ အဆင့်မြင့်သည့် ကင်မရာပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကြောင့် အကောင်းဆုံးဟု ခေါ်နိုင်သည့် Low-Light Photography ရိုက်ကူးမှုများအား Huawei ၏ မူပိုင် AIS နည်းပညာကြောင့် tripod အကူအညီမပါဘဲ ကြည်လည်ပြတ်သားသည့် Low-Light ပုံရိပ်များရိုက်ကူးနိုင်စေမည့် ထုတ်ကုန်များထဲမှ တစ်ခုဖြစ်စေခဲ့သည်။ ထို့အပြင် Huawei P20 Pro တွင်ပါဝင်သည့် 4000 mAH ဘက်ထ္ထရီကြောင့် များပြားသော လုပ်ဆောင်ချက်များအား တစ်နေ့တာအတွင်းလုပ်ဆောင်စေနိုင်သည်။ နိဂုံးချုပ်ရလျှင် Huawei P20 Pro သည် အကောင်းမွန်ဆုံးသော hardware ၊ optics နှင့် လက်မှုပညာပိုင်းဆိုင်ရာတို့ ပေါင်းစည်းကာ ဖန်တီးထားသည့် ထုတ်ကုန်တစ်ခုဖြစ်သည်ဟု EISA မှ မှတ်ချက်ချခဲ့သည်။
EISA အဖွဲ့ဝင်များတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ Consumer Electronics နယ်ပယ်များ၌ ရပ်တည်နေသည့် မီဒီယာများပါဝင်လျက်ရှိပြီး အဖွဲ့ဝင်တစ်ဦးတိုင်းစီသည် EISA ၏ Expert Group ၆ ခု ဖြစ်သော photography ၊ mobile devices ၊ Hi-Fi ၊ Home Theater Audio ၊ Home Theatre Display & Video နှင့် In Car Electronics အဖွဲ့များ၌ ပံ့ပိုးပေးလျှက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း EISA အဖွဲ့ဝင်များသည် ထူးခြားသည့်လုပ်ဆောင်ချက်များပါဝင်သည်ဟု သတ်မှတ်သည့် ထုတ်ကုန်များအား သက်ဆိုင်ရာ Expert Group များ၌ စာရင်းတင်သွင်းပေးလေ့ရှိသည်။ ဆန်ကာတင် စာရင်းဝင်များအား EISA မှ ကျင်းပလေ့ရှိသည့် AGM ၌ အမျိုးအစားတစ်ခုခြင်းစီအတွက် အသေးစိတ်နှိုင်းယှဉ်ချက်များအား အဖွဲ့ဝင်များကြားတွင် ဆွေးနွေးတင်ပြပြီး အနိုင်ရရှိသူများကို ရွေးချယ်လေ့ရှိကြသည်။
အဆိုပါ ဆုအား Huawei မှ သြဂုတ်လ ၃၁ ရက်နေ့ ဘာလင် (Berlin) မြို့၌ ကျင်းပမည့် EISA Awards Ceremony ၌ တရားဝင်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် EISA မှ Huawei P10 အား “EISA Smartphone Camera 2017-2018,” Huawei Watch 2 အား “EISA Wearable Device 2017-2018” နှင့် HUAWEI P9 အား “European Consumer Smartphone 2016-2017.” အဖြစ် အသီးသီး သတ်မှတ်ဆုပေးအပ်ခဲ့သေးသည်။
European Image and Sound Association အကြောင်း
The European Imaging and Sound Association သည် ယုံကြည်မှုအများဆုံး နှင့် လွှမ်းခြုံမှုအများဆုံးသော Consumer Electronics Magazines တို့မှ ကျွမ်းကျင်ပညာရှင်ပေါင်း ၅၅ ယောက် တို့ဖြင့် ပူးပေါင်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ periodicals နှင့် websites များသည် အမှီအခိုကင်းမဲ့သည့် ထုတ်ကုန်သစ်အကြောင်းများကို ပုံမှန်ရေးသားဖော်ပြလျှက်ရှိပြီး Consumer electronics ၏ full sphere အား ထောက်ပံ့လျှက်ရှိသည်။ အဆိုပါ magazine သည် USA နှင့် Australia တို့အပါအဝင် နိုင်ငံပေါင် ၂၅ နိုင်ငံကျော် အထိ ထိုးဖောက်နိုင်ခဲ့ပြီး EISA ၏ Expert Group ၆ ခုဖြစ်သည့် Photography, Mobile Devices, Hi-Fi, Home Theatre Audio, Home Theatre Display & Video နှင့် In-Car Electronics တို့နှင့် သက်ဆိုင်သည့် အခန်း ganda များ၌ ၎င်းတို့၏ အတွေ့အကြုံများအား ဝေမျှနိုင်ခဲ့သည်။