ဇူဇူက ကြိုးဝိုင်းထဲ ထိုးမယ့် ပွဲကို Elon Musk က သွေးပျက်နေတဲ့အတွက် ပွဲဖျက်လိုက်မယ်လို့ ပြောတဲ့အပေါ် Elon Musk က ပြန်လည် တုန့်ပြန်လိုက်ပါတယ်။

Musk နဲ့ ဇူဇူဟာ သူတို့ ကိုယ်ပိုင် လူမှုကွန်ရက်တွေကနေ ထိုးသတ်ပွဲကို တိုက်ရိုက်ပြသဖို့သဘောတူညီထားကြပေမယ့် ထိုးမယ့် နေ့ကို အတည်မပြုကြသေးပါဘူး။ ဇူဇူက အဲဒါကို စိတ်ကုန်တဲ့အတွက် ထိုးသတ်ပွဲကို ဖျက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒါကို Musk က တုန့်ပြန်တဲ့ အနေနဲ့ X (Twitter) မှာ “ဇူဇူဟာ ကြက် တစ်ကောင်ပါ။”  လို့ တုန့်ပြန်ထိုးနှက်လိုက်ပါတယ်။ Musk က X သုံးစွဲသူတစ်ယောက်ရဲ့ ပို့စ်အောက်မှာ မနက်ဖြန် သူ့အိမ်တံခါးသွားခေါက်ဖို့ မစောင့်နိုင်တော့ဘူးလို့လည်း ရေးသားထားပါတယ်။ (တကယ်တော့ Chicken ဆိုတာ Infml အရ ကြောက်လို့ နောက်ဆုတ်သွားသူ ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။)

ပြီးခဲ့တဲ့ ရက်ပိုင်းက ဇူဇူဟာ Threads မှာ “ Elon ဟာ ထိုးသတ်ပွဲကို အလေးမထားဘူးဆိုတာ အားလုံး သဘောတူညီကြမှာပါ။ ပွဲဖျက်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော် ထိုးမယ့်နေ့ကို ကမ်းလှမ်းခဲ့ပါတယ်။ Dana White က အလှူပွဲဖြစ်အောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Elon က နေ့ရက်ကို အတည်မပြုဘဲ ခွဲစိတ်ဖို့လိုအပ်တယ်လို့ ပြောနေပါတယ်။

Elon သာ ထိုးမယ့်နေ့ကို အတည်ပြုမယ်ဆိုရင် ကျွန်တော့်ဆီ ဆက်သွယ်နိုင်မယ့် နည်းလမ်းကို သူသိပါတယ်။ ဒါမှမဟုတ်ရင်တော့ ပွဲဖျက်ရမှာပါ။ အားကစားကို တကယ် အလေးထားတဲ့ လူနဲ့ ယှဉ်ပြိုင်ဖို့ပဲ ကျွန်တော် အာရုံစိုက်မှာပါ။” လို့ ရေးသားခဲ့ပါတယ်။

အဲဒါကို Elon Musk က “ဇူဇူဟာ ကြက်တစ်ကောင်ပါ။”လို့ အခုလို တုန့်ပြန် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အွန်လိုင်းပေါ်မှာ ထိုးနေကြတာ တော်တော်ကြာနေပါပြီ။ တကယ့် ပွဲ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : deadline