Elon Musk တစ်ယောက် သူပိုင်တဲ့ X လူမှုကွန်ရက်မှာ သူ့ရဲ့ ပို့စ်တစ်ခု အဖျက်ခံလိုက်ရပါတယ်။ X ရဲ့ Software Algorithm က သူ့ရဲ့ ပို့စ်ကို မသင့်တော်ဘူးလို့ သတ်မှတ်ပြီး User တွေ မမြင်အောင် ဖျက်လိုက်တာ ဖြစ်ပါတယ်။

Hodgetwins အမည်ရ User က Elon Musk ရဲ့ အဖျက်ခံရတဲ့ ပို့စ်ကို ပြန်လည် မျှဝေထားပြီး Musk ကိုလည်း Tag တွဲထားပါတယ်။ Musk က X ရဲ့ Code တွေကို စိတ်ပျက်မိတယ်လို့ Hodgetwins ကို တုန့်ပြန်ထားပါတယ်။ Musk က X ရဲ့ Censor လုပ်တဲ့ Code တွေမှာ အားနည်းချက် ရှိတယ်လို့ ထောက်ပြပါတယ်။

Musk ရဲ့ Follower တွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး လှောင်ပြောင်တာတွေ၊ ရီစရာကောင်းတဲ့ Meme တွေ ပြုလုပ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တချို့က အဲဒီ Algorithm ကို ပြင်ဆင်သင့်တယ်လို့ ဝေဖန်ထားကြပါတယ်။

From Bird to Bold: Elon Musk's X makeover shakes Twitter | Special-reports – Gulf News

Musk က “ ဒါဟာ Twitter အဟောင်းရဲ့ လက်ကျန် Code အနည်းငယ်ကြောင့် ဖြစ်ပါတယ်။ တခြား Code တွေက တိကျမှန်ကန်ပါတယ်။ “ လို့ ပြောပါတယ်။

Musk ဟာ X မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိရမယ်လို့ ကာလရှည်ကြာ ကတည်းက ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းအမှားတွေကို တိုက်ဖျက်ဖို့ Content တွေကို စစ်ဆေးတဲ့ Community Notes လုပ်ဆောင်ချက်အသစ်ကို X မှာ ထည့်သွင်းထားပါတယ်။

Ref : Benzinga