၂၀၁၆ ခုနှစ်မှာ Facebook ရဲ့ Satellite တွေကို သယ်ဆောင်တဲ့ SpaceX ရဲ့ ဒုံးပျံဟာ Landing Pad မှာပဲ ပေါက်ကွဲခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Elon Musk နဲ့ ဇူဇူတို့ရဲ့ ဇာတ်လမ်းက စတင်ခဲ့တာပါ။ မကြာခင်ကပဲ ဇူဇူဟာ Musk ရဲ့ X (တွစ်တာ)ကို ယှဉ်ပြိုင်မယ့် Threads ကို ဖြန့်ချိလိုက်တဲ့အတွက် အမုန်းတရားတွေ ပိုဆိုးလာခဲ့ပါတယ်။

Elon Musk, Mark Zuckerberg Contacted by Italy to Fight at Colosseum

ဇွန်လမှာ အဆိုးဆုံး အခြေအနေကို ရောက်သွားပြီး Musk က ကြိုးဝိုင်းထဲမှာ ထိုးဖို့ ဇူဇူကို စိန်ခေါ်ခဲ့ပါတယ်။ ဇူဇူကလည်း နေရာပြောပါဆိုပြီး သဘောတူခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ ဇူဇူက ဒီလ ၂၆ ရက်နေ့မှာ ထိုးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Musk က “ ဘယ်နေ့ ထိုးမလဲ ဆိုတာ မသေချာသေးပါဘူး။ လည်ပင်းနဲ့ နောက်ကျောကို မနက်ဖြန် MRI စစ်ဆေးရဦးမှာပါ။ မထိုးခင်မှာ ခွဲစိတ်မှု လိုကောင်းလိုမှာပါ။ ဒီတစ်ပတ်ထဲ အဖြေသိရမှာပါ။” လို့ ပြောခဲ့ပါတယ်။

Musk က ၁၁ ရက်နေ့မှာ “ ထိုးပွဲကို UFC မဟုတ်ဘဲ ကျွန်တော်နဲ့ ဇူကာဘတ်ရဲ့ ဖောင်ဒေးရှင်းကနေ စီမံခန့်ခွဲမှာပါ။ X နဲ့ Meta ရဲ့ ပလက်ဖောင်းတွေကနေ တိုက်ရိုက် ပြသမှာပါ။ ရောမမှာ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ခေတ်မီ ကြိုးဝိုင်းတွေကို မြင်ရမှာ မဟုတ်ပါဘူး။ အီတလီ ဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှု ဝန်ကြီးကို ပြောပြီးပါပြီ။ သူတို့က လက်ခံ သဘောတူညီပြီးပါပြီ။” လို့ ပြောပါတယ်။

Musk က အီတလီမှာ ထိုးမယ်လို့ ပြောပေမယ့် တည်နေရာ အတိအကျကို မပြောပါဘူး။ အရင်ကတော့ Colosseum မှာ ထိုးမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

Ref : thestreet