SpaceX ဟာ Starlink ဂြိုလ်တု အင်တာနက်ကို ဖိလစ်ပိုင်မှာ ဝန်ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကုန်သွယ်ရေး အတွင်းရေးမှူးက အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် SpaceX ဟာ အရှေ့တောင်အာရှမှာ Starlink ဂြိုလ်တု အင်တာနက်ကို ဈေးကွက်ချဲ့ထွင်တော့မယ်လို့ ထင်ရပါတယ်။

Elon Musk Starlink

ဖိလစ်ပိုင် ကုန်သွယ်ရေး ဝန်ကြီး ရာမွန်လိုပက်ဇ်က SpaceX ရဲ့ လုပ်ငန်း ပါမစ်ကို လက်ရှိမှာ စစ်ဆေးနေပြီ ဖြစ်ပြီး ကုမ္ပဏီဟာ Gateway တွေအတွက် တည်နေရာတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဖိလစ်ပိုင်မှာ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှု ရမယ့် အချိန်ကို မပြောသေးပါဘူး။

Elon Musk spacex starlink philippines

ဖိလစ်ပိုင်ဟာ ကမ္ဘာမှာ အင်တာနက် အဆိုးဆုံး နိုင်ငံတွေထဲက ၁ ခု ဖြစ်ပေမယ့် မိုဘိုင်း ဖုန်း သုံးစွဲသူ အရေအတွက် အရမ်းများပြားပါတယ်။ အင်တာနက် သုံးစွဲသူ အရေအတွက်ဟာ ၇၄ သန်း ရှိပြီး ၁ ရက်ကို ၁၀ နာရီခွဲ အသုံးပြုကြပါတယ်။

လိုပက်ဇ်က SpaceX ရဲ့ ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ဖိလစ်ပိုင်မှာ ရပြီ ဆိုရင် အင်တာနက် အမြန်နှုန်း ပိုကောင်းလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ၊ အွန်လိုင်း စီးပွားရေး လုပ်ငန်းတွေ၊ အွန်လိုင်း ပညာသင်ကြားမှုတွေ တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

SpaceX ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဂြိုလ်တုပေါင်း ၁,၄၀၀ ကျော်ကို လွှင့်တင်ထားပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကိုတောင် အင်တာနက် ပံ့ပိုးပေးနိုင်ပါတယ်။ ဖိလစ်ပိုင်ဟာ လက်ရှိမှာ 4G အင်တာနက်ကိုပဲ အသုံးပြုနေရတဲ့အတွက် SpaceX ရဲ့ ဂြိုလ်တု အင်တာနက်ကြောင့် အများကြီး တိုးတက်ပြောင်းလဲသွားနိုင်ပါတယ်။

Ref : gizchina