အေးချမ်းသာယာတဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့ ဟဲဟိုးမြို့ရဲ့ ပိန္နပင်ရွာကြီးရွာဆိုတဲ့မြို့မှာ ဦးထွန်းအောင်တို့ မိသားစုတွေ တောင်ယာအလုပ်ကို လုပ်ကိုင်ရင်း နေထိုင်ကြပါတယ်။ ချမ်းအေးတဲ့မြို့မှာ နေထိုင်ကြပေမဲ့လည်း သူတို့ရဲ့ စိတ်ဘဝင်ထဲမှာတော့ ပူပင်စရာ ကိစ္စတွေ ရှိနေခဲ့ကြပါတယ်။ အကြောင်းကတော့ ဦးထွန်းအောင်ရဲ့ သမီး မမေဆန်းဦးက အိမ်ရဲ့ ဆည်းလည်းလေးကို အောင်မြင်စွာမွေးဖွားပေးခဲ့ပြီး သားလေး (၆) လ သားလောက်မှာ နှလုံးအမောဖောက်ခဲ့ပါတယ်။ သားလေး ရဲ့ နာမည်က မောင်ဖြိုးဝနတဲ့။ သူတို့ရဲ့ မြေးအသစ်စက်စက် မွေးမွေးပြီးချင်း ၆ လ သားလောက်မှာပဲ အမောဖောက်တော့ ဘယ်နေနိုင်မလဲ ပြေးရလွှားရတော့ပေါ့။ အဲ့ဒါနဲ့ တောင်ကြီးကလေးဆေးရုံကို သွားပြတော့ ဆေးရုံက ကလေးမှာ မွေးရာပါ နှလုံးရောဂါရှိနေကြောင်း ပြောခဲ့ပါတယ်။

ဒါနဲ့ပဲ ကလေး အမောဖောက်ပြီဆို တောင်ကြီးဆေးခန်းပြလိုက် သက်သာသွားလိုက် ဟဲဟိုးနားက ဆေးခန်းလေးပြလိုက် အဆင်ပြေသွားလိုက် မသက်သာသေးရင် ရန်ကုန်ဆေးရုံလွှဲလိုက် ရန်ကုန်ကို တက်ပြီးကုလိုက်နဲ့ ၆ လတစ်ခါလောက်ကို ကလေးက ဝေဒနာခံစားပြီး နေလာခဲ့တာ အတော်ကြာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဖြစ်သမျှအကြောင်း အကောင်းလို့မှတ်ယူပြီး သူတို့ရဲ့ မြေးလေး ရောဂါဝေဒနာသက်သာဖို့ အရေးကိုပဲတွေးပြီး ကုလာခဲ့ရပါတယ်။ ဒါပေမဲ့လည်း နှလုံးရောဂါဆိုတဲ့အမျိုးက ထိရောက်တဲ့ ကုသမှုမလုပ်မချင်းက လူကို မသိမသာ ပိုပိုပြီး ဒုက္ခပေးလာတာပါပဲ။ နောက်ဆုံးတစ်ခေါက် သားလေး ဖြိုးဝန အသဲအသန်ဖြစ်တော့ ရန်ကုန်ကို နောက်တစ်ခေါက်တက်လာပြီး ကုဖို့ ဖြစ်လာပါတယ်။ တောင်ယာလုပ်တဲ့ မိသားစုတော့ လက်ထဲစုမိဆောင်းစုထားတာလည်း သိပ်ရှိလှတာမဟုတ်ပေမဲ့လည်း သားလေး သက်သာဖို့ကိုပဲ တွေးပြီး ရှိတဲ့ ခြံလေးတွေ ပေါင်ပြီး ရန်ကုန်ကိုတက်၊ ရန်ကင်းကလေးဆေးရုံမှာ နှလုံးအထူးကုဆရာဝန်ကြီးနဲ့ ပြသခဲ့ပါတယ်။ ဆရာကြီးက ဒီတစ်ခေါက်တော့ ခွဲစိတ် ကုသဖို့ လိုပြီဆိုတဲ့အကြောင်းပြောတော့ မမေဆန်းဦးတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ ဆေးရုံက အထွက် တာဝန်ခံဆရာမဆီက သတင်းကောင်းတစ်ခုကို ကြားခဲ့ရပါတယ်။ သားလေးရဲ့ ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်ကို တာဝန်ယူပေးမယ့် အလှူရှင်ပေါ်လာပါပြီတဲ့။

အဲ့စကားကြားလိုက်ရတော့ မမေဆန်းဦးတို့ သားအဖတို့ မျက်ရည်မလည်နိုင်အောင် အင်မတန် ဝမ်းသာခဲ့ရပါတယ်။ ဒါနဲ့ သူတို့ကို ကူညီပေးမှာ ဘယ်သူတွေလဲဆိုတာကို မေးကြည့်လိုက်တော့ Empower My Children ဆိုတဲ့ ဖောင်ဒေးရှင်းလို့ သိခဲ့ရပါတယ်။ ဖြိုးဝနလေးလိုမျိုး မွေးရာပါ နှလုံးရောဂါခံစားနေရပြီး ခွဲစိတ်ကုသဖို့ လိုအပ်နေပြီဖြစ်တဲ့ကလေးငယ်တွေရဲ့ ဘဝကို ကူညီပေးနေတဲ့ အဖွဲ့အစည်းကတော့ အများသိကြတဲ့ ဆက်သွယ်ရေးအော်ပရေတာ Mytel က တည်ထောင်ထားတဲ့ Empower My Children ဆိုတဲ့ ဖောင်ဒေရှင်းကပဲ ဖြစ်ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလ က တရားဝင် စတင်တည်ထောင်ခဲ့တဲ့ ဒီဖောင်ဒေးရှင်းကနေ မွေးရာပါ နှလုံးရောဂါသည် ကလေးငယ်ပေါင်း ၃၄ ယောက်ရဲ့ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်အဝဝ ကို ပံ့ပိုးကူညီပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်။

Mytel ရဲ့ “Empower My Children” ဖောင်ဒေးရှင်းဟာဆိုရင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးငယ်တွေရဲ့ အသက်များကို ကယ်တင်မယ့် Mytel ရဲ့ ရေရှည်စီမံကိန်းကြီးအတွက် ပထမဦးဆုံးခြေလှမ်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီစီမံကိန်းကြီးကနေ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုများပြုလုပ်နေပြီး တစ်လကို ကန်ဒေါ်လာ ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ လျက်ရှိပါတယ်။ ဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့ချိန်ကစလို့ ဒီနေ့အချိန်အထိ စုစုပေါင်းလှူဒါန်းမှု သိန်း ၈၅၀ ထိ ရှိခဲ့ပြီလို့ကြားသိရပါတယ်။ Empower My Children ဖောင်ဒေးရှင်းကြီးကနေ ကလေးတွေရဲ့ ကျန်းမာရေး ကဏ္ဍအတွက်တင်မကပဲ ပညာရေးကဏ္ဍအတွက်ကိုလည်း လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို ရှေ့ဆက်လုပ်ဆောင်သွားဖို့ရှိပါတယ်။ Mytel အနေနဲ့ ဒီလို ကလေးငယ်တွေအတွက် ကူညီမှုမျိုးကို အင်တိုက်အားတိုင် လုပ်ဆောင်နေရတဲ့ အကြောင်းအရင်းကတော့ လူတိုင်းမှာ သူတို့ရဲ့ဘဝကို ဘာအတားအဆီးမှမရှိ ဘာအခက်အခဲမှမရှိ နေထိုင်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်လို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။

အခုဆိုရင် ဖြိုးဝနတို့ မိသားစုလည်း ခွဲစိတ်မှုအောင်မြင်သွားလို့ မိသားစုတွေ အပျော်တွေ ဝေမျှပြီး သူတို့ရဲ့ မိသားစုလုပ်ငန်းကို စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်လုပ်ပြီး သားလေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်လို့ရပါပြီ။ ဖြိုးဝနတို့လို့ပဲ Mytel က ကူညီခဲ့တဲ့ အခြား နှလုံးသားပိုင်ရှင် မိသားစုတွေရဲ့ ရင်ထဲမှာလည်း အပျော်တွေ ကူးဆက်နေလောက်ပြီဖြစ်ပါတယ်။ အခု လှူဒါန်းလိုက်တဲ့ ကလေးငယ် ၃၄ ယောက်အပြင် နောက်ထပ် အကူအညီလိုအပ်နေတဲ့ နှလုံးသားပိုင်ရှင်တွေအတွက်လည်း ကူညီကမ်းလင့်မယ့် Mytel ရဲ့ နှလုံးသားတစ်ခုဖြစ်တဲ့ Empower My Children ဆိုတဲ့ ဖောင်ဒေးရှင်းကြီးက အမြဲကူညီဖို့ အသင့်ရှိနေပါပြီ။