OPPO ကနေ မကြာခင်မှာ Budget စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO A15 ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ OPPO A15 ရဲ့ Model Number အနေနဲ့ကတော့ CPH2185 ဖြစ်တယ်လို့ သိရပြီး အခုအချိန်မှာတော့ Specification အသေးစိတ်ထွက်ပေါ်လာခဲ့ပါပြီ။

အခုသတင်းကိုတော့ Amazon India Website ကနေ အရင်ဆုံးဖော်ပြခဲ့တာဖြစ်ပြီး Specification အပြင် Design တွေပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ 91Mobiles ကနေ အသေးစိတ်ထပ်မံဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

OPPO A15 စမတ်ဖုန်းဟာ Display အနေနဲ့ 6.52″ HD+ LCD Display ကိုမှ Selfie Camera ကို 5MP Dew-drop Design ပြုလုပ်ထားတာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ 13MP Primary + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup နဲ့အတူ Fingerprint Sensor ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio P35 Chipset ကို အသုံးပြုထားပြီး RAM 3GB ၊ 32GB Storage ပါဝင်မယ်လို့ သိရပါတယ်။ Storage ကိုတော့ MicroSD Card ကနေ 256GB အထိ ထပ်တိုးချဲ့နိုင်မှာပါ။

ကျန်တဲ့ Battery ပိုင်းမှာတော့ 4320mAh Battery ကိုမှ USB-C ကနေ 10W Charging Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့် လက်ရှိ OPPO A53 လိုမျိုး ဖုန်းထက်တောင် သက်သာနိုင်ဖွယ်ရှိပါတယ်။

Ref – Gizmo China