Epic Games က Samsung နဲ့ ပူးပေါင်းပြီး ပထမဆုံး အနေနဲ့ Fortnite Galaxy Cup e-tournament ကို ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ ပြိုင်ပွဲကို Android သုံးတဲ့ Fortnite ကစားသူအားလုံး ပါဝင်နိုင်မှာ ဖြစ်ပြီး ပါဝင်သူတွေကို Galaxy Scout Outfit နဲ့ Star Scout Wrap တို့လို In-game ဆုတွေ ပေးအပ်မှာ ဖြစ်ပါတယ်။

၂ ရက်အတွင်း Session ၂ ခုခွဲပြီး ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပြီး Session ၁ ခုဟာ ၃ နာရီလောက် ကြာမြင့်မှာပါ။ ပြိုင်ပွဲမှာ ကစားသူတွေဟာ အများဆုံး အနေနဲ့  ပြိုင်ပွဲ ၁၀ ခုမှာ ပါဝင်နိုင်ပြီး ပွဲ ၁ ခုချင်းစီအတွက် ရလဒ်အပေါ် မူတည်ကာ  Point တွေကို ဆုအနေနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမှတ်ပေး စနစ်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Victory Royale: 10 points
  • 2nd – 5th place: 7 points
  • 6th – 15th place: 5 points
  • 16th – 25th place: 3 points
  • Each elimination: 1 point
  • Each game played: 1 point

အနည်းဆုံး အနေနဲ့ ဂိမ်း ၅ ခုမှာ ပါဝင်သူတွေကို Star Scout Wrap နဲ့ အမှတ် အများဆုံး ရသူတွေကို Galaxy Scout Outfit ဆုချီးမြှင့်မှာပါ။

ဒေသအလိုက် အနိုင်ရသူတွေကို အောက်ပါ အတိုင်း ချီးမြှင့်မှာပါ။

  • Europe: Top 10,000
  • NA-East: Top 7,500
  • NA-West: Top 2,500
  • Latin America: Top 2,500
  • Asia: Top 1,250
  • Middle East: Top 1,250
  • Oceania: Top 1,250

ပြိုင်ပွဲမှာ ပါဝင်ချင်သူတွေဟာ Playlist Mode ကို သွားပြီး Galaxy Cup Tournament ကို ရွေးချယ်ပေးရမှာပါ။ အဲဒီနောက်မှာ Lobby ကို ပြန်သွားပြီး Play ကို နှိပ်ရမှာပါ။ ကစားသူတွေဟာ သူတို့ရဲ့ Epic အကောင့်မှာ 2FA ကို Enable လုပ်ပေးရမှာပါ။

Ref : fonearena