[Zawgyi]

နည္းပညာဆိုင္ရာ တိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ စက္မႈေတာ္လွန္ေရးေပါင္းမ်ားစြာျဖစ္ပြားခဲ့သည့္အေလ်ာက္ 5G နည္းပညာသည္လည္း သုံးစြဲသူမ်ားႏွင့္ စီးပြားေရးသမားမ်ားအၾကား ေျပာဆိုေဆြးေႏြးမႈ မ်ားျပားလာသည့္ နည္းပညာတစ္ခုလည္း ျဖစ္သည္။

နည္းပညာအတြက္ ေဆြးေႏြးျငင္းခုံၾကျခင္း၏ အက်ိဳးရလဒ္အရ အသုံးျပဳႏိုင္သည့္ အေၾကာင္း အရာမ်ား၊ အက်ိဳးေက်းဇူးျဖစ္ထြန္းေစႏိုင္သည့္ စက္မႈလုပ္ငန္းမ်ား၊ ဆက္သြယ္ေရးလုပ္ငန္းမ်ားမွတစ္ဆင့္ ဝင္ေရာက္လာႏိုင္သည့္ အလားအလာရွိ အက်ိဳးအျမတ္မ်ား စသည့္အေၾကာင္းအရာမ်ားကို သိရွိခဲ့ၾကသည္။ အထက္ပါ အေၾကာင္းအရာ အမ်ားစုမွာ မိမိတို႔ အၿမဲဖတ္ရႈၾကားသိေနရေသာ 5G ႏွင့္ ပတ္သက္သည့္ အဓိကအေၾကာင္းအရာမ်ားလည္းျဖစ္သည္။ ကမာၻတစ္ဝွမ္းတြင္ 5G တိုးတက္ေရးအား စတင္လုပ္ေဆာင္ လ်က္ရွိၾကသကဲ့သို႔ 5G အေပၚ စိတ္ဝင္စားမႈမွာလည္း ျမင့္သထက္ ျမင့္မားလာလ်က္ရွိသည္။

ဆက္သြယ္ေရးေအာ္ပေရတာမ်ား အေနျဖင့္ “အလ်င္ျမန္ဆုံးျမန္ႏႈန္း” အက်ယ္ျပန႔္ဆုံးလႊမ္းၿခဳံမႈႏွင့္ အျမင့္မားဆုံးေသာ လုံၿခဳံေရး (သို႔မဟုတ္) “စူပါပါဝါ 5G ဝန္ေဆာင္မႈ” အစရွိသည့္ 5G ကြန္ရက္ကို အေျခခံေသာ ေဈးကြက္ဆြဲေဆာင္မႈမ်ား ျပဳလုပ္လာၾကၿပီး ျဖစ္ႏိုင္ေခ်အသုံးျပဳႏိုင္သည့္ အေၾကာင္းအရာ မ်ားႏွင့္ သုံးစြဲသူမ်ား၏ 5G ဝန္ေဆာင္မႈအေပၚ ေမွ်ာ္လင့္ ေနသည့္ အေျခအေနမ်ားအေပၚ အေျခခံ၍ 5G ဝန္ေဆာင္မႈစတင္ေပးႏိုင္ၿပီဟူသည့္ သတင္းမ်ားႏွင့္ အျခား ေကာလာဟလသတင္းမ်ားမွာလည္း တျဖည္း ျဖည္း ႐ုပ္လုံးေပၚ ေပၚထြက္လာေနၿပီျဖစ္သည္။

မၾကာေသးမီက Ericsson Consumer Lab ၏ ေလ့လာခ်က္မ်ားအရ 5G ကြန္ရက္အသုံးျပဳႏိုင္ပါက လူေနထူထပ္သည့္ ေနရာေဒသမ်ား၌ ျဖစ္ပြားေလ့ရွိသည့္ ကြန္ရက္ျပႆနာမ်ားကို ေလ်ာ့ခ်သြားႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။

ထို႔အျပင္ 5G မွာ ေနအိမ္သုံး Wireless Broadband အင္တာနက္ဝန္ေဆာင္မႈ အသုံးျပဳလ်က္ရွိေသာ္လည္း ယင္းဝန္ေဆာင္မႈအေပၚ စိတ္ေက်နပ္မႈမရွိသည့္ သုံးစြဲသူမ်ားႏွင့္ broadband သုံးစြဲမႈ ရယူထားျခင္းမရွိေသး သူမ်ားအတြက္ ပိုမိုေ႐ြးခ်ယ္သုံးစြဲလာေစႏိုင္ၿပီး ေနအိမ္သုံးအင္တာနက္သုံးစြဲသူမ်ားအတြက္ ႀကီးမားေသာ အက်ိဳးသက္ေရာက္မႈကို ျဖစ္ပြားေစႏိုင္သည္။

5G ကြန္ရက္အတြက္ ခိုင္မာေသာ ဝယ္လိုအားေဈးကြက္ျဖစ္ေပၚေနၿပီဟုဆိုရာတြင္ သိသာထင္ရွားသည့္ အခ်က္မွာ 5G ကြန္ရက္အား ေထာက္ပံ့မေပးႏိုင္ပါက အဆိုပါ ဝန္ေဆာင္မႈပံ့ပိုးသူမ်ားကို ေျပာင္းလဲသုံးစြဲပစ္ ရန္ ဝန္မေလးေၾကာင္း ေဖာ္ျပထားျခင္းျဖစ္သည္။

တ႐ုတ္ႏွင့္ အိႏၵိယမွ စမတ္ဖုန္းသုံးစြဲသူထက္ဝက္ေက်ာ္ႏွင့္ ယူအက္စ္၊ ၾသစေၾတးလ်၊ ကေနဒါမွ ေလးပုံတစ္ပုံ ေသာ စမတ္ဖုန္းသုံးစြဲသူမ်ားအေနျဖင့္ ၎တို႔၏ ဝန္ေဆာင္မႈေထာက္ပံ့သူေအာ္ပေရတာမ်ားမွ 5G ကို ေျပာင္းလဲပံ့ပိုးေပးရန္ ေမွ်ာ္လင့္လ်က္ရွိေနၿပီး ေျပာင္းလဲေထာက္ပံ့မႈျပဳလုပ္ေပးရာတြင္လည္း အမ်ားဆုံး အခ်ိန္ ၆ လခန႔္ေလာက္သာ ေစာင့္ေပးႏိုင္မည္ျဖစ္ကာ ယင္းထက္ေက်ာ္လြန္ပါက အျခားေသာ ဝန္ေဆာင္မႈ ပံ့ပိုးသူမ်ားထံသို႔ ေျပာင္းလဲသုံးစြဲၾကမည္ျဖစ္သည္။

သုံးစြဲသူမ်ားဘက္မွ 5G သို႔ေျပာင္းလဲသုံးစြဲရာတြင္ ေကာင္းမြန္သည့္အရည္အေသြးအတြက္ က်သင့္မည့္ တန္ဖိုးႏွင့္ အဆင့္ျမင့္ဝန္ေဆာင္ခမ်ား မည္မွ်ခန႔္က်သင့္ႏိုင္မည္ကိုလည္း ထည့္သြင္းေဆြးေႏြးခ်က္မ်ား ရွိခဲ့သည္။

တစ္ကမာၻလုံးအတိုင္းအတာအရ စမတ္ဖုန္းသုံးစြဲသူအမ်ားစုမွာ အရည္အေသြးေကာင္းမြန္သည့္ 5G ဝန္ေဆာင္မႈအတြက္ လက္ရွိအေနအထားမွ ၂၀ ရာခိုင္ႏႈန္းအထိ ဝန္ေဆာင္ခ ပိုမိုတိုးျမႇင့္မႈကို အဆင္ေျပႏိုင္ ၾကၿပီး အေစာဆုံးသုံးစြဲလိုသူမ်ားမွ တစ္ဝက္ေက်ာ္မွာ ၃၂ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေပးစြမ္းႏိုင္ေၾကာင္း ေျပာဆို ထားၾကသည္။

5G ဝန္ေဆာင္မႈအတြက္ ေငြကုန္ေၾကးက် ပိုမိုသုံးစြဲႏိုင္ၾကေသာ သုံးစြဲသူမ်ားမွာလည္း ဆန္းသစ္ေသာ သုံးစြဲမႈပုံမ်ားႏွင့္ ေငြေပးေခ်မႈစနစ္အျပင္ လုံၿခဳံစိတ္ခ်ရေသာ 5G ကြန္ရက္ႏွင့္ ျမန္ႏႈန္းျမင့္ အင္တာနက္ လည္ပတ္မႈမ်ားကို ေမွ်ာ္လင့္လာၾကသည္။

ကြဲျပားျခားနားေသာ ႏိုင္ငံမ်ားၾကား မတူညီသည့္ အခ်ိန္အပိုင္းအျခားရွိသည့္အေလ်ာက္ 5G အား မိတ္ဆက္ ၿပီးသည့္ အခ်ိန္မွစ၍ ၂ႏွစ္မွ ၃ႏွစ္အတြင္း အက္ပလီေကးရွင္းႏွင့္ ဝန္ေဆာင္မႈမ်ားစြာ ေရပန္းစားလာႏိုင္ သည္ဟု စမတ္ဖုန္း အသုံးျပဳသူမ်ားက ခန႔္မွန္းလ်က္ရွိၾကသည္။

ေနာင္လာမည့္ အင္တာနက္အသုံးျပဳမႈ ပုံသဏၭာန္မ်ားအေနျဖင့္လည္း လက္ရွိ 4G အသုံးျပဳမႈ ပုံမ်ားႏွင့္ အေျမာက္အမ်ား ကြဲျပားသြားႏိုင္သည္ဟု ေမွ်ာ္လင့္လ်က္ရွိၾကသည္။

5G ကြန္ရက္ လိုအပ္လာရျခင္း အေၾကာင္းအရင္း

4G အေနႏွင့္ ျမန္မာႏိုင္ငံတြင္ ဆက္လက္တည္ရွိေနမည္ျဖစ္သည္။ ႏိုင္ငံတစ္ႏိုင္ငံအတြင္း စုစုေပါင္း ေဒတာသြားလာမႈပုံစံအဆင့္ဆင့္မွာ လ်င္ျမန္စြာ ေျပာင္းလဲေနေသာ ေဒတာသုံးစြဲမႈပုံမ်ားေၾကာင့္ အရွိန္အဟုန္ျဖင့္ တိုးတက္မႈမ်ား ျဖစ္ေပၚလာရန္ ေမွ်ာ္လင့္ေနၾကသည့္အေလ်ာက္ ဆက္သြယ္ေရး ေအာ္ပေရတာမ်ားမွာလည္း ပိုမိုျမင့္မားေသာ စြမ္းေဆာင္ရည္ရွိသည့္ ကြန္ရက္မ်ားကို ေပး စြမ္းရန္ လိုအပ္လာၿပီျဖစ္သည္။

4G ကြန္ရက္မ်ားကို အရွိန္ျမႇင့္တင္ႏိုင္ရန္ႏွင့္ အက်ိဳးအျမတ္ရရွိႏိုင္ရန္ ျမန္မာႏိုင္ငံရွိ ဆက္သြယ္ေရး ေအာ္ပေရတာမ်ား အေနႏွင့္ က်ယ္ျပန႔္ေသာ MIMO နည္းပညာ၊ Gigabit LTE အစရွိေသာ ေနာက္ဆုံးေပၚ 4G နည္းပညာမ်ား ခ်မွတ္ရန္ လိုအပ္ေပသည္။ သို႔မွသာ ၎တို႔လိုအပ္ေသာ စြမ္းေဆာင္ရည္ကို ရရွိမည္ျဖစ္ၿပီး သုံးစြဲသူမ်ား အေနႏွင့္လည္း အေတြ႕အႀကဳံမ်ားကို ရင္းႏွီးကြၽမ္းဝင္ေနမည္ ျဖစ္သည္။

4G အား ကမာၻတစ္ဝွမ္း မိတ္ဆက္မႈမွတစ္ဆင့္ ေလ့လာသင္ယူႏိုင္ခဲ့သည္မွာ ဦးစြာ လႈပ္ရွားႏိုင္ေလ တိုးတက္ မႈ ျမန္ေလ ဟူေသာအခ်က္ျဖစ္သည္။ ၿပိဳင္ဘက္မ်ားထက္ ဦးစြာ 4G ကို အသုံးျပဳခဲ့ေသာ ေအာ္ပေရတာ မ်ားမွာ ေဈးကြက္ ရွယ္ယာႏွင့္ အက်ိဳးအျမတ္မ်ား ပိုမိုရရွိခဲ့သည္။

၂၀၁၉ ခုႏွစ္ ဇြန္လထုတ္ Ericsson Mobility Report အရ အေရွ႕ေတာင္အာရွႏွင့္ ကြၽန္းစုႏိုင္ငံမ်ားရွိ စမတ္ဖုန္းေဒတာစီးဆင္းမႈမ်ားကို တစ္လလွ်င္ 3.6GB မွ 17 GB ထိ တိုးတက္လာႏိုင္မည္ျဖစ္ၿပီး CAGR အရ ၂၉ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာႏိုင္ရန္လည္း ေမွ်ာ္မွန္းထားသည္။

အခ်ိဳ႕ေသာ ၿမိဳ႕ျပေဒသမ်ားတြင္ လူေနမႈ ထူထပ္သိပ္သည္းသျဖင့္ 4G ကြန္ရက္မွာ အခ်ိန္ႏွင့္တစ္ေျပးညီ လႊမ္း ၿခဳံတည္ရွိမေနႏိုင္ျခင္းေၾကာင့္ 5G စနစ္သစ္၏ အခန္းက႑မွာ အေရးပါလာရျခင္းျဖစ္သည္။

5G တြင္ စမတ္ဖုန္းသုံးစြဲသူမ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ အေတြ႕အႀကဳံမ်ား ေပးစြမ္းႏိုင္မည့္ အဆင့္ျမင့္ mobile broadband စနစ္၊ ႀကိဳးမဲ့အင္တာနက္ရရွိမႈအျပင္ ေနအိမ္မ်ားတြင္ ဖိုက္ဘာႀကိဳး သြယ္တန္း တပ္ဆင္ရန္မလိုအပ္ဘဲ ဖိုက္ဘာစနစ္ကဲ့သို႔ ျမန္ႏႈန္းျမင့္ နည္းပညာမ်ားကို ေထာက္ပံ့ေပးမည္ ျဖစ္သည္။

5G မွာ ေဒတာဆက္သြယ္မႈအား သိသိသာသာ တိုးျမႇင့္ေပးႏိုင္လိမ့္မည္လည္း ျဖစ္သည္။ အင္တာနက္သုံးစြဲမႈမ်ားျပားသည့္ေနရာမ်ားတြင္ ဗီဒီယိုမ်ား မွ်ေဝရာ၌ ႀကဳံေတြ႕ႏိုင္ေသာ အခက္အခဲမ်ား၊ ဆိုရွယ္မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ အရည္အေသြးျမင့္မားေသာ ဗီဒီယိုမ်ား ၾကည့္ရႈျခင္းအတြက္ အဟန႔္ အတား အတားအဆီးျဖစ္ေစေသာ အရာမ်ားကို သုံးစြဲသူမ်ားအေနျဖင့္ ေရွာင္ရွားႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ ပိုမို လ်င္ျမန္မႈရွိၿပီး၊ ပိုမို တည္ၿငိမ္ကာ လုံၿခဳံေသာ ဆက္သြယ္မႈမ်ားကို ဆန္းသစ္ေသာ ဝန္ေဆာင္မႈ မ်ား၊ အေတြ႕အႀကဳံမ်ားႏွင့္ထပ္တူ ရရွိမည္ ျဖစ္သည္။

5G စနစ္မွာ ဆက္သြယ္ေရးကုမၸဏီမ်ားအတြက္ အဘယ္ေၾကာင့္အေရးပါေနရသနည္း။

5G စနစ္အား မိတ္ဆက္ႏိုင္မည္ဆိုပါက ဆက္သြယ္ေရးဝန္ေဆာင္မႈကုမၸဏီမ်ားအတြက္ ၎တို႔၏ စီးပြားေရး အား တိုးခ်ဲ႕ႏိုင္ရန္ အဘက္ဘက္မွ ေထာက္ပံ့ေပးမည္ ျဖစ္သည္။

4G စနစ္မွာ ဆက္သြယ္ေရး နယ္ပယ္အား လႈပ္ခါႏိုင္ခဲ့သကဲ့သို႔ 5G သည္လည္း ဆက္သြယ္ေရး ဝန္ေဆာင္မႈ ကုမၸဏီမ်ားအတြက္ ဆန္းသစ္ေသာ ဝန္ေဆာင္မႈမ်ား ေပးစြမ္းႏိုင္ရန္ အခြင့္အလမ္းမ်ား ယူေဆာင္ေပးႏိုင္ မည္ ျဖစ္သည္။

ထို႔အျပင္ 5G မွာ ေအာ္ပေရတာမ်ားအတြက္ တိုးတက္လာေသာ ဒီဂ်စ္တယ္ နယ္ပယ္ အတြင္းသို႔ အက်ိဳး အျမတ္မ်ား ရႏိုင္ရန္ အခြင့္အေရးမ်ားလည္း ေပးစြမ္းႏိုင္မည္ ျဖစ္သည္။

ဆန္းသစ္ေသာ အသုံးျပဳပုံမ်ားကို ျဖစ္ေပၚေစလ်က္ ဆန္းသစ္ေသာ ဝန္ေဆာင္မႈမ်ား၊ ဆန္းသစ္ေသာ စီးပြားေရးလုပ္ငန္း ပုံစံမ်ားႏွင့္ အသစ္အသစ္ေသာ eco-system အစရွိသည္တို႔ကို ဝန္ေဆာင္မႈ လုပ္ငန္းမ်ားမွ ၂၀၂၆ ခုႏွစ္တြင္ တစ္ကမာၻလုံး အတိုင္းအတာအရ ေဈးကြက္အခြင့္အေရးမ်ားအတြက္ အေမရိကန္ေဒၚလာ ၆၁၉ ဘီလီယံအထိ အက်ိဳးအျမတ္မ်ား ရရွိႏိုင္မည္ ျဖစ္သည္။

Head of Ericsson မွ Eric Timmer ၏ ေဆာင္းပါးကို ျမန္မာဘာသာျဖင့္ ျပန္လည္ေရးသားေဖာ္ျပထားသည္။

[Unicode]

5G အပေါ်မှာ ဒေတာသုံးစွဲသူတို့ရဲ့ မျှော်လင့်ချက်တွေ ဆက်လက်မြင့်မားလာ

နည်းပညာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအတွက် စက်မှုတော်လှန်ရေးပေါင်းများစွာဖြစ်ပွားခဲ့သည့်အလျောက် 5G နည်းပညာသည်လည်း သုံးစွဲသူများနှင့် စီးပွားရေးသမားများအကြား ပြောဆိုဆွေးနွေးမှု များပြားလာသည့် နည်းပညာတစ်ခုလည်း ဖြစ်သည်။

နည်းပညာအတွက် ဆွေးနွေးငြင်းခုံကြခြင်း၏ အကျိုးရလဒ်အရ အသုံးပြုနိုင်သည့် အကြောင်း အရာများ၊ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်သည့် စက်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများမှတစ်ဆင့် ဝင်ရောက်လာနိုင်သည့် အလားအလာရှိ အကျိုးအမြတ်များ စသည့်အကြောင်းအရာများကို သိရှိခဲ့ကြသည်။ အထက်ပါ အကြောင်းအရာ အများစုမှာ မိမိတို့ အမြဲဖတ်ရှုကြားသိနေရသော 5G နှင့် ပတ်သက်သည့် အဓိကအကြောင်းအရာများလည်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် 5G တိုးတက်ရေးအား စတင်လုပ်ဆောင် လျက်ရှိကြသကဲ့သို့ 5G အပေါ် စိတ်ဝင်စားမှုမှာလည်း မြင့်သထက် မြင့်မားလာလျက်ရှိသည်။

ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် “အလျင်မြန်ဆုံးမြန်နှုန်း” အကျယ်ပြန့်ဆုံးလွှမ်းခြုံမှုနှင့် အမြင့်မားဆုံးသော လုံခြုံရေး (သို့မဟုတ်) “စူပါပါဝါ 5G ဝန်ဆောင်မှု” အစရှိသည့် 5G ကွန်ရက်ကို အခြေခံသော ဈေးကွက်ဆွဲဆောင်မှုများ ပြုလုပ်လာကြပြီး ဖြစ်နိုင်ချေအသုံးပြုနိုင်သည့် အကြောင်းအရာ များနှင့် သုံးစွဲသူများ၏ 5G ဝန်ဆောင်မှုအပေါ် မျှော်လင့် နေသည့် အခြေအနေများအပေါ် အခြေခံ၍ 5G ဝန်ဆောင်မှုစတင်ပေးနိုင်ပြီဟူသည့် သတင်းများနှင့် အခြား ကောလာဟလသတင်းများမှာလည်း တဖြည်း ဖြည်း ရုပ်လုံးပေါ် ပေါ်ထွက်လာနေပြီဖြစ်သည်။

မကြာသေးမီက Ericsson Consumer Lab ၏ လေ့လာချက်များအရ 5G ကွန်ရက်အသုံးပြုနိုင်ပါက လူနေထူထပ်သည့် နေရာဒေသများ၌ ဖြစ်ပွားလေ့ရှိသည့် ကွန်ရက်ပြဿနာများကို လျော့ချသွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

ထို့အပြင် 5G မှာ နေအိမ်သုံး Wireless Broadband အင်တာနက်ဝန်ဆောင်မှု အသုံးပြုလျက်ရှိသော်လည်း ယင်းဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုမရှိသည့် သုံးစွဲသူများနှင့် broadband သုံးစွဲမှု ရယူထားခြင်းမရှိသေး သူများအတွက် ပိုမိုရွေးချယ်သုံးစွဲလာစေနိုင်ပြီး နေအိမ်သုံးအင်တာနက်သုံးစွဲသူများအတွက် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေနိုင်သည်။

5G ကွန်ရက်အတွက် ခိုင်မာသော ဝယ်လိုအားဈေးကွက်ဖြစ်ပေါ်နေပြီဟုဆိုရာတွင် သိသာထင်ရှားသည့် အချက်မှာ 5G ကွန်ရက်အား ထောက်ပံ့မပေးနိုင်ပါက အဆိုပါ ဝန်ဆောင်မှုပံ့ပိုးသူများကို ပြောင်းလဲသုံးစွဲပစ် ရန် ဝန်မလေးကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

တရုတ်နှင့် အိန္ဒိယမှ စမတ်ဖုန်းသုံးစွဲသူထက်ဝက်ကျော်နှင့် ယူအက်စ်၊ သြစတြေးလျ၊ ကနေဒါမှ လေးပုံတစ်ပုံ သော စမတ်ဖုန်းသုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုထောက်ပံ့သူအော်ပရေတာများမှ 5G ကို ပြောင်းလဲပံ့ပိုးပေးရန် မျှော်လင့်လျက်ရှိနေပြီး ပြောင်းလဲထောက်ပံ့မှုပြုလုပ်ပေးရာတွင်လည်း အများဆုံး အချိန် ၆ လခန့်လောက်သာ စောင့်ပေးနိုင်မည်ဖြစ်ကာ ယင်းထက်ကျော်လွန်ပါက အခြားသော ဝန်ဆောင်မှု ပံ့ပိုးသူများထံသို့ ပြောင်းလဲသုံးစွဲကြမည်ဖြစ်သည်။

သုံးစွဲသူများဘက်မှ 5G သို့ပြောင်းလဲသုံးစွဲရာတွင် ကောင်းမွန်သည့်အရည်အသွေးအတွက် ကျသင့်မည့် တန်ဖိုးနှင့် အဆင့်မြင့်ဝန်ဆောင်ခများ မည်မျှခန့်ကျသင့်နိုင်မည်ကိုလည်း ထည့်သွင်းဆွေးနွေးချက်များ ရှိခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ စမတ်ဖုန်းသုံးစွဲသူအများစုမှာ အရည်အသွေးကောင်းမွန်သည့် 5G ဝန်ဆောင်မှုအတွက် လက်ရှိအနေအထားမှ ၂၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ပိုမိုတိုးမြှင့်မှုကို အဆင်ပြေနိုင် ကြပြီး အစောဆုံးသုံးစွဲလိုသူများမှ တစ်ဝက်ကျော်မှာ ၃၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးစွမ်းနိုင်ကြောင်း ပြောဆို ထားကြသည်။

5G ဝန်ဆောင်မှုအတွက် ငွေကုန်ကြေးကျ ပိုမိုသုံးစွဲနိုင်ကြသော သုံးစွဲသူများမှာလည်း ဆန်းသစ်သော သုံးစွဲမှုပုံများနှင့် ငွေပေးချေမှုစနစ်အပြင် လုံခြုံစိတ်ချရသော 5G ကွန်ရက်နှင့် မြန်နှုန်းမြင့် အင်တာနက် လည်ပတ်မှုများကို မျှော်လင့်လာကြသည်။

ကွဲပြားခြားနားသော နိုင်ငံများကြား မတူညီသည့် အချိန်အပိုင်းအခြားရှိသည့်အလျောက် 5G အား မိတ်ဆက် ပြီးသည့် အချိန်မှစ၍ ၂နှစ်မှ ၃နှစ်အတွင်း အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများစွာ ရေပန်းစားလာနိုင် သည်ဟု စမတ်ဖုန်း အသုံးပြုသူများက ခန့်မှန်းလျက်ရှိကြသည်။

နောင်လာမည့် အင်တာနက်အသုံးပြုမှု ပုံသဏ္ဌာန်များအနေဖြင့်လည်း လက်ရှိ 4G အသုံးပြုမှု ပုံများနှင့် အမြောက်အများ ကွဲပြားသွားနိုင်သည်ဟု မျှော်လင့်လျက်ရှိကြသည်။

5G ကွန်ရက် လိုအပ်လာရခြင်း အကြောင်းအရင်း
4G အနေနှင့် မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်း စုစုပေါင်း ဒေတာသွားလာမှုပုံစံအဆင့်ဆင့်မှာ လျင်မြန်စွာ ပြောင်းလဲနေသော ဒေတာသုံးစွဲမှုပုံများကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်မှုများ ဖြစ်ပေါ်လာရန် မျှော်လင့်နေကြသည့်အလျောက် ဆက်သွယ်ရေး အော်ပရေတာများမှာလည်း ပိုမိုမြင့်မားသော စွမ်းဆောင်ရည်ရှိသည့် ကွန်ရက်များကို ပေး စွမ်းရန် လိုအပ်လာပြီဖြစ်သည်။

4G ကွန်ရက်များကို အရှိန်မြှင့်တင်နိုင်ရန်နှင့် အကျိုးအမြတ်ရရှိနိုင်ရန် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများ အနေနှင့် ကျယ်ပြန့်သော MIMO နည်းပညာ၊ Gigabit LTE အစရှိသော နောက်ဆုံးပေါ် 4G နည်းပညာများ ချမှတ်ရန် လိုအပ်ပေသည်။ သို့မှသာ ၎င်းတို့လိုအပ်သော စွမ်းဆောင်ရည်ကို ရရှိမည်ဖြစ်ပြီး သုံးစွဲသူများ အနေနှင့်လည်း အတွေ့အကြုံများကို ရင်းနှီးကျွမ်းဝင်နေမည် ဖြစ်သည်။

4G အား ကမ္ဘာတစ်ဝှမ်း မိတ်ဆက်မှုမှတစ်ဆင့် လေ့လာသင်ယူနိုင်ခဲ့သည်မှာ ဦးစွာ လှုပ်ရှားနိုင်လေ တိုးတက် မှု မြန်လေ ဟူသောအချက်ဖြစ်သည်။ ပြိုင်ဘက်များထက် ဦးစွာ 4G ကို အသုံးပြုခဲ့သော အော်ပရေတာ များမှာ ဈေးကွက် ရှယ်ယာနှင့် အကျိုးအမြတ်များ ပိုမိုရရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လထုတ် Ericsson Mobility Report အရ အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ စမတ်ဖုန်းဒေတာစီးဆင်းမှုများကို တစ်လလျှင် 3.6GB မှ 17 GB ထိ တိုးတက်လာနိုင်မည်ဖြစ်ပြီး CAGR အရ ၂၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ရန်လည်း မျှော်မှန်းထားသည်။

အချို့သော မြို့ပြဒေသများတွင် လူနေမှု ထူထပ်သိပ်သည်းသဖြင့် 4G ကွန်ရက်မှာ အချိန်နှင့်တစ်ပြေးညီ လွှမ်း ခြုံတည်ရှိမနေနိုင်ခြင်းကြောင့် 5G စနစ်သစ်၏ အခန်းကဏ္ဍမှာ အရေးပါလာရခြင်းဖြစ်သည်။

5G တွင် စမတ်ဖုန်းသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးစွမ်းနိုင်မည့် အဆင့်မြင့် mobile broadband စနစ်၊ ကြိုးမဲ့အင်တာနက်ရရှိမှုအပြင် နေအိမ်များတွင် ဖိုက်ဘာကြိုး သွယ်တန်း တပ်ဆင်ရန်မလိုအပ်ဘဲ ဖိုက်ဘာစနစ်ကဲ့သို့ မြန်နှုန်းမြင့် နည်းပညာများကို ထောက်ပံ့ပေးမည် ဖြစ်သည်။

5G မှာ ဒေတာဆက်သွယ်မှုအား သိသိသာသာ တိုးမြှင့်ပေးနိုင်လိမ့်မည်လည်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုများပြားသည့်နေရာများတွင် ဗီဒီယိုများ မျှဝေရာ၌ ကြုံတွေ့နိုင်သော အခက်အခဲများ၊ ဆိုရှယ်မီဒီယာစာမျက်နှာများပေါ်တွင် အရည်အသွေးမြင့်မားသော ဗီဒီယိုများ ကြည့်ရှုခြင်းအတွက် အဟန့် အတား အတားအဆီးဖြစ်စေသော အရာများကို သုံးစွဲသူများအနေဖြင့် ရှောင်ရှားနိုင်မည် ဖြစ်သည်။

ထို့အပြင် ပိုမို လျင်မြန်မှုရှိပြီး၊ ပိုမို တည်ငြိမ်ကာ လုံခြုံသော ဆက်သွယ်မှုများကို ဆန်းသစ်သော ဝန်ဆောင်မှု များ၊ အတွေ့အကြုံများနှင့်ထပ်တူ ရရှိမည် ဖြစ်သည်။

5G စနစ်မှာ ဆက်သွယ်ရေးကုမ္ပဏီများအတွက် အဘယ်ကြောင့်အရေးပါနေရသနည်း။

5G စနစ်အား မိတ်ဆက်နိုင်မည်ဆိုပါက ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများအတွက် ၎င်းတို့၏ စီးပွားရေး အား တိုးချဲ့နိုင်ရန် အဘက်ဘက်မှ ထောက်ပံ့ပေးမည် ဖြစ်သည်။

4G စနစ်မှာ ဆက်သွယ်ရေး နယ်ပယ်အား လှုပ်ခါနိုင်ခဲ့သကဲ့သို့ 5G သည်လည်း ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများအတွက် ဆန်းသစ်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် အခွင့်အလမ်းများ ယူဆောင်ပေးနိုင် မည် ဖြစ်သည်။

ထို့အပြင် 5G မှာ အော်ပရေတာများအတွက် တိုးတက်လာသော ဒီဂျစ်တယ် နယ်ပယ် အတွင်းသို့ အကျိုး အမြတ်များ ရနိုင်ရန် အခွင့်အရေးများလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။

ဆန်းသစ်သော အသုံးပြုပုံများကို ဖြစ်ပေါ်စေလျက် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ဆန်းသစ်သော စီးပွားရေးလုပ်ငန်း ပုံစံများနှင့် အသစ်အသစ်သော eco-system အစရှိသည်တို့ကို ဝန်ဆောင်မှု လုပ်ငန်းများမှ ၂၀၂၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဈေးကွက်အခွင့်အရေးများအတွက် အမေရိကန်ဒေါ်လာ ၆၁၉ ဘီလီယံအထိ အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်သည်။

Head of Ericsson မှ Eric Timmer ၏ ဆောင်းပါးကို မြန်မာဘာသာဖြင့် ပြန်လည်ရေးသားဖော်ပြထားသည်။