မြန်မာနိုင်ငံသည် ဆရာ၊ ဆရာမများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေးစနစ်တွင် Virtual Reality ကို ထည့်သွင်း အသုံးပြုသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်လာပါသည်။

Virtual Reality လေ့ကျင့်မှုသည် စာသင်ခန်းအတွင်း စာသင်သားများအပေါ် ပိုမိုအာရုံပြုသည့် စာသင်ကြားမှု ပုံစံတစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ဆရာများကို ပညာရပ်ပိုင်းဆိုင်ရာ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုများကို ရယူအသုံးပြုစေနိုင်ပြီး ဤအစီအစဉ်ကို ရေရှည်တည်မြဲစေမည် ဖြစ်သည်။

ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် – Ericsson (NASDAQ: ERIC) သည် မြန်မာနိုင်ငံမှ ၎င်း၏ ဆက်လက်လုပ်ဆောင်ဆဲ Connect to Learn အစီအစဉ်အတွက် Virtual Reality (VR) လေ့ကျင့်ရေးစနစ် တစ်ခုကို အသုံးပြုထားကြောင်း ယနေ့ကြေငြာခဲ့ပါသည်။ VR လေ့ကျင့်ရေးစနစ်ကို ထည့်သွင်းအသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံသည် ဆရာများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေးစနစ်တွင် Virtual Reality ကို ထည့်သွင်း အသုံးပြုသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်လာပါသည်။

ဤသို့ VR လေ့ကျင့်ရေးစနစ်ကို အသုံးပြုခြင်းသည် Connect to Learn အစီအစဉ်၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ဤလေ့ကျင့်ရေးစနစ်သည် မြန်မာနိုင်ငံတစ်လွှားမှ အစိုးရ အလယ်တန်းကျောင်း ၃၁ ကျောင်းမှ ဆရာ၊ ဆရာမများကို ၎င်းတို့စာသင်ခန်းနှင့် ဝေးကွာနေစဉ်၌ပင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများအား ၎င်းတို့၏ နေ့စဉ်စာသင်ကြားမှုများ၌ ထည့်သွင်းခြင်းကို လေ့ကျင်သင်ကြားနိုင်မည် ဖြစ်ပါသည်။

Ericsson Myanmar ၏ ဥက္ကဌဖြစ်သူ Eric Timmer မှ “ကျွန်တော်တို့ အနေနဲ့ ယခုလို ဆရာ၊ ဆရာမများအတွက် စာသင်သား များအပေါ် ပိုမို အာရုံပြုသည့် စာသင်ကြားမှုတွေကို ဖန်တီးပေးနိုင်မယ့် VR လေ့ကျင့်ရေး ကိရိယာများ အသုံးပြုတဲ့ လုပ်ငန်းစဉ် မှာ ကျောင်းသား၊ ကျောင်းသူတွေကို အဓိက အကျိုးခံစားရသူတွေ ဖြစ်စေလိုပါတယ်။ ပြီးနောက် ဆရာ၊ဆရာမများအနေနှင့်လည်း VR မှတစ်ဆင့် စာသင်ကြားမှုနည်းလမ်းများကို ဆက်လက်လေ့ကျင့်နိုင်မှာ ဖြစ်တဲ့ အတွက် Connect to Learn Program ၏ ရည်ရှည်တည်မြဲမှုကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။” ဟုဆိုပါသည်။

ဤလေ့ကျင့်ရေး စနစ်တွင် cloud အခြေပြု ဆာဗာတစ်ခုမှ ဒေါင်းလုပ်ရယူနိုင်သည့် မော်ဂျူး ၄ ခု ပါဝင်ပြီး မော်ဂျူးတစ်ခုစီသည် ဆရာများကို စာသင်သားတို့ကို ပိုမိုဗဟိုပြုသည့် စာသင်ကြားမှု နည်းလမ်းများကို ဖန်တီးစေနိုင်မည် ဖြစ်ပါသည်။

လေ့ကျင့်မှုများတွင် ဆရာများ၏ စွမ်းဆောင်ရည်တို့ကို cloud အခြေပြု ဆာဗာတစ်ခုတွင် သိမ်းဆည်းမှတ်သားထားမည် ဖြစ်ပြီး ၎င်းတို့ကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဤပြန်လည်တုန့်ပြန်မှု နည်းစနစ်သည် ဆရာများ၏ စိတ်အားထက်သန်မှုနှင့် တစ်ကိုယ်ရည်တိုးတက်မှုတို့ကို ပါဝင်ဖြည့်တင်းပေးနိုင်ပါသည်။ ဤ VR နည်းစနစ်သည် ပညာရေး ဝန်ကြီးဌာနကို ဆရာများကို စာသင်သားဗဟိုပြု သင်ကြားမှုဆိုင်ရာ အရည်အချင်းများနှင့် ဖြည့်တင်းပေးနိုင်ရန်အတွက် လေ့ကျင့်ရေးဆိုင်ရာ ချဉ်းကပ်မှုများကို ဖန်တီးရာတွင်လည်း ထောက်ပံ့ပေးနိုင်သည်။

ဤကိစ္စရပ်နှင့် ပတ်သတ်ပြီး Ericsson ၏ ရေရှည်တည်မြဲနိုင်စွမ်းနှင့် ကော်ပိုရိတ် တာဝန်များဆိုင်ရာ ဒုဥက္ကဌ ဖြစ်သူ Heather Johnson မှ “အလယ်တန်း၊ အထက်တန်း ပညာရေးဆိုင်ရာ ရရှိနိုင်မှုနှင့် အရည်အသွေးတို့နှင့် သက်ဆိုင်သော စိန်ခေါ်မှု အချို့ကို ဖြေရှင်းနိုင်ရန်အတွက် Connect to Learn ကို ဖန်တီးပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၀ ခုနှစ်တွင် အရည်အသွေးမြင့် အလယ်တန်း၊ အထက်တန်း ပညာရေးတို့ကို ဆက်လက်ရရှိနိုင်စေရန် ဦးတည်ပြီး Earth Institute of Columbia University နှင့် Millennium Promise တို့နှင့်အတူ ဤကမ္ဘာလုံးအဆင့် ပညာရေးဆိုင်ရာ ကနဦးလုပ်ဆောင်ချက်ကို စတင်ခဲ့ပါသည်။ Connect to Learn သည် ကမ္ဘာပေါ်မှ ပိုမိုဝေးလံသော၊ သယံဇာတ နည်းပါးသော အစိတ်အပိုင်းများကို Mobile broadband အသုံးပြု၍ ICT ကို ယူဆောင်ပေးခြင်းဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ယနေ့အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် Connect to Learn ကို စတင်ခဲ့ပြီဖြစ်ပြီး စာသင်သားပေါင်း ၁၂၀၀၀၀ ကျော်အတွက် အကျိုးဖြစ်စေခဲ့ပြီး မိုဘိုင်းစနစ်ပံ့ပိုးသည့်ကုမ္ပဏီ ၁၇ ခုနှင့် တွဲဖက်လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့၏ အကြီးမားဆုံးသော Connect to Learn အစီအစဉ်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပြီး ယနေ့အထိ စာသင်သားပေါင်း ၂၉၀၀၀ ကျော်ကို အထောက်အပံ့ပေးခဲ့ပါသည်” ဟု ဆိုပါသည်။

“Connect to Learn သည် စာသင်သားများနှင့် ဆရာများအတွက် ပြင်ဆင်အဆင့်မြှင့်ထားသော ပညာရေးဆိုင်ရာ အကြောင်းအရာများအပြင် ကမ္ဘာတစ်လွှားမှ သတင်းအချက်အလက် အရင်းအမြစ်များဖြင့် ပံ့ပိုးနိုင်ရန်အတွက် ရွှေ့ပြောင်း အသုံးပြုနိုင်မှုနှင့် broadband နှင့် cloud နည်းစနစ်များ၏ အင်အားကို သရုပ်ပြခဲ့ပါသည်။ ဤသတင်းအချက်အလက် ရယူနိုင်မှုသည် ပူးတွဲစာသင်ကြားမှု၊ လူမှုဆိုင်ရာ သိနားလည်မှုနှင့် ယဉ်ကျေးမှု မျှဝေမှုတို့ကို မည်သို့ထောက်ပံ့ပေးနိုင်ကြောင်း တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး ယနေ့တွင်မူ ဆရာများအတွက် ဆန်းသစ်သော VR လေ့ကျင့်ရေး စနစ်များကို စတင်မိတ်ဆက်ပေးနိုင်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်” ဟု အခြေခံပညာရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်ခင်မာဆွေမှ ဆိုပါသည်။

Connect to Learn သည် ၎င်းစတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ ပဲခူး၊ မွန်နှင့် မန္တလေးတို့မှ စာသင်ကြောင်း ၃၁ ကျောင်းတွင် ကျောင်းသား ၂၉၀၀၀ ကျော်အတွက် ဆက်သွယ်နိုင်မှု၊ ပြင်ဆင်အဆင့်မြှင့်ထားသည့် အကြောင်းအရာ၊ ကိရိယာများနှင့် ဆရာဖြစ်လေ့ကျင့်မှုများကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ လက်ရှိ Connect to Learn အစီအစဉ်ကို ထောက်ပံ့ပေးသည့် ယာယီပူးတွဲမိတ်ဖက်များတွင် Ericsson အပြင် Qualcomm® Wireless Reach™၊ Earth Institute၊ ပညာရေး ဝန်ကြီးဌာန (MoE) နှင့် အခြေခံ ပညာရေးဌာနတို့ ပါဝင်ပါသည်။