EU ဟာ အီလက်ထရောနစ်ကိရိယာတွေအားလုံးရဲ့ အားသွင်းပေါက်တွေကို တပြေးညီဖြစ်စေပြီး USB-C ကို ဘုံသုံးဖြစ်စေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ E-waste တွေကို လျှော့ချနိုင်ဖို့ဖြစ်ပြီး အားသွင်းမြန်နှုန်းမညီမမျှ ကန့်သတ်ခံရခြင်းကလည်း ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

USB-C ကို ဘုံသုံးအဖြစ်ပြောင်းလဲတဲ့နေရာမှာ ကန့်လန့်ဖြစ်နေတာကတော့ ကမ္ဘာကျော် Apple ပဲဖြစ်ပါတယ်။ Cupertino ဟာ သူ့ရဲ့ ထုတ်ကုန်တွေမှာ USB-C ကို ပြောင်းသုံးဖို့ အခုအချိန်အထိ အချိန်ယူနေဆဲပါပဲ။ iPhone 15 မှ USB-C ကို အသုံးပြုလာမယ်လို့လည်း Kuo က ပြောထားခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် EU ကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လာမဲ့ ဇွန်လ ၇ ရက်နေ့မှာ အပြီးသတ်ချမှတ်တော့မှာပါ။

Reuters ရဲ့ ဖော်ပြချက်အရ EU ဥပဒေပြဌာန်းသူတွေနဲ့ EU နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ အပြီးသတ်ဆုံးဖြတ်ချက်ကို ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ကြိုးမဲ့နားကြပ်တွေဟာ အားသွင်းဖို့အတွက် USB-C ပေါက်ကို တပြေးညီအသုံးပြုရတော့မှာ ဖြစ်တယ်လို့ အတွင်းလူတွေက ဆိုပါတယ်။

အချို့ဆုံးဖြတ်ချက်တွေက အတည်မပြုနိုင်သေးပေမဲ့လည်း စည်းမျဉ်းမှာ Laptop တွေကိုလည်း ထည့်သွင်းဖို့ ဥပဒေပြုပညာရှင်အချို့က တိုက်တွန်းနေတယ်လို့ သိရပါတယ်။ Laptop အတော်များများဟာ USB-C ကို အသုံးပြုနေကြပြီဖြစ်ပေမဲ့ Basic barrel plug ကို အသုံးပြုနေတဲ့ Laptop တွေကလည်း အမြောက်အများ ရှိနေပါသေးတယ်။

ဒီလိုအပ်ချက်ဟာ အချို့သော ထုတ်လုပ်သူတွေအပေါ် သက်ရောက်မှုရှိလာနိုင်တာကြောင့် ဆန့်ကျင်မှုတွေလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အချို့ကလည်း အသွင်ကူးပြောင်းရေကာလကို ကာလပိုရှည်ဖို့ တောင်းဆိုနေကြတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena