ဥရောပသမဂ္ဂက USB-C Port ပါလာမယ့် iPhone 15 မော်ဒယ်တွေမှာ Certified မလုပ်ထားတဲ့ USB-C Cable တွေနဲ့ သုံးရင် စွမ်းရည်ကို မကန့်သတ်ရဘူးလို့ Apple ကို သတိပေးလိုက်ပါတယ်။ Apple ဟာ “Made for iPhone” (MFi) Program အောက်မှာ Certified မလုပ်ထားတဲ့ USB-C Cable တွေရဲ့ အားသွင်းအမြန်နှုန်းနဲ့ တခြားလုပ်ဆောင်ချက်တွေကို ကန့်သတ်ဖို့စီစဉ်နေတယ်လို့ သတင်းထွက်လာပြီးနောက်မှာ အခုသတင်းထွက်လာတာပါ။

EU warns Apple over limiting performance of uncertified USB-C cables for iPhones » YugaTech | Philippines Tech News & Reviews

ဥရောပသမဂ္ဂက iPhone အပါအဝင် Wired Charging ပါတဲ့ Device တွေမှာ USB-C Port ပါမှသာ ဥရောပမှာ ရောင်းချခွင့်ပေးမယ်ဆိုတဲ့ ဥပဒေကို ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့ပါတယ်။ Apple ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အချိန်ရသေးပြီး ဒီနှစ်နှောင်းပိုင်းမှာ ထွက်မယ့် iPhone 15 မော်ဒယ်တွေမှာ Lightning အစား USB-C ကို ပြောင်းလဲလာနိုင်ပါတယ်။

EU has a 'USB-C' warning for Apple - Times of India

Apple ဟာ iPhone 15 မော်ဒယ်တွေမှာ USB-C ကို စစ်ဆေးတဲ့ Authentication Chip ၁ ခုကို ထည့်သွင်းနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ Chip က MFi-certified Charger တွေကိုသာ အားသွင်းမြန်အောင် ပြုလုပ်ပေးမှာပါ။

Apple ရဲ့ Certified မလုပ်ထားတဲ့ USB-C Cable တွေရဲ့ စွမ်းရည်ကို ကန့်သတ်မယ့် အစီအစဉ်ကို တုန့်ပြန်တဲ့ အနေနဲ့ ဥရောပသမဂ္ဂ ကော်မရှင်နာ Thierry Breton က အဲဒီလို လုပ်တာကို ခွင့်မပြုဘဲ ဥရောပမှာ iPhone ရောင်းချခွင့်ပိတ်ပင်မယ်လို့ Apple ထံ သတိပေးစာ ပေးပို့ခဲ့ပါတယ်။

Ref : gizmochina