Exynos 2200 ဟာ Snapdragon 898 ကို ကျော်ဖြတ်သွားလိမ့်မယ်လို့ Leakster တစ်ဦးက လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဖွင့်ဟခဲ့ဖူးပါတယ်။ အခုတော့ Exynos 2200 ရဲ့ Geekbench ရလဒ်တွေကို တွေ့မြင်ရပြီဖြစ်ပါတယ်။ တစ်ခုရှိတာက အခုရလဒ်ဟာ “အစောပိုင်း” စမ်းသပ်မှုရလဒ်ဆိုတာကိုတော့ စိတ်ထဲမှာမှတ်ထားရပါမယ်။

Samsung SM-S906B (Galaxy S22+ ဖြစ်နိုင်ခြေရှိ) ရဲ့ Benchmark ရလဒ်ကို Ice Universe က မီးမောင်းထိုးပြခဲ့ပါတယ်။ S5E9925 ကိုသုံးထားတာကြောင့် ဒါဟာ Exynos 2200 ဖြစ်နိုင်ခြေရှိပါတယ်။ Cortex-X2 prime core, Cortex-A710 အကြီး သုံးခု နဲ့ A510 cores အသေး လေးခုပါဝင်ပါတယ်။ ARMv9 architecture နဲ့ AMD RDNA2 Mobile Radeon GPU တို့ကို ထောက်ပံ့ပါတယ်။

ဒါပေမဲ့ Cortex-X2 prime က 2.59GHz အထိပဲ မောင်းနှင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Final chips တွေအနေနဲ့ 3.0GHz အထိ ဖြစ်သင့်ပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရှိ Single-core ရလဒ်ဟာ နောက်ဆုံး Final product ထက်ပိုပြီးနိမ့်သလို၊ Multi-core ရမှတ်လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။

A710 cores တွေဟာ 2.50GHz, A510 က 1.73GHz ဖြစ်ပါတယ်။ နမူနာစမ်းသပ်မှုအတွက် ပြဿနာမဟုတ်ဘူးဆိုပေမဲ့ “Power-saving mode” အစား “energy_aware” ဆိုတာကိုတော့ သတိပြုရပါမယ်။ Snapdragon 898 ကိုလည်း တူညီတဲ့ CPU cores တွေနဲ့ ပြုလုပ်ထားတာပါ။ ဒီလအစောပိုင်းက ထွက်ထားတဲ့ Vivo flagship ရဲ့ Geekbench ရလဒ်မှာတွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ X2 prime core က အနိမ့်ဆုံး 2.42GHz မှာမောင်းနှင်ထားတာပါ။ A710 cores တွေလည်း 2.17GHz မို့ နိမ့်ပါတယ်။ A510s ကတော့ 1.79GHz ဖြစ်လို့ နည်းနည်းလေးမြင့်တယ်လို့ဆိုနိုင်ပါတယ်။

Exynos 2200 နဲ့ Snapdragon 898 နှစ်ခုလုံးဟာ Samsung 4nm foundry မှာ အံ့ဖွယ်ဖြစ်လာနိုင်ပါတယ်။ ပိုပြီးအသုံးဝင်တဲ့ Benchmark ရလဒ်တွေကို (လာမဲ့ဇန်နဝါရီဖြစ်နိုင်) Galaxy S22 စီးရီးဖြန့်ချိမှုနဲ့အတူ တွေ့မြင်ရနိုင်ပါတယ်။ နောက်တစ်ချက်က SM-S906B မှာ “B” ဟာ Global model ကိုရည်ညွှန်းပါတယ်။

Ref: GSM Arena