Meta CEO Mark Zuckerberg က Instagram နဲ့ Facebook တို့မှာ Recommended account တွေရဲ့ Content ပမာဏကို နှစ်ဆပိုပြီး မြင်တွေ့လာရမယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး နှစ်ဆတိုးပြသချက်ကို လာမဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ စတင်မှာလည်း ဖြစ်ပါတယ်။

Recommend ပေးတဲ့ Content ဟာ လက်ရှိအချိန်မှာ Facebook ပေါ်က အကြောင်းအရာတွေရဲ့ ၁၅% နီးပါးရှိနေပြီး Instagram မှာတော့ ရာခိုင်နှုန်းပိုများနေပြီလို့လည်း Zuckerberg က ဆိုပါတယ်။ ဒါကို “Discovery Engine” ကိုတည်ဆောက်ခြင်းလို့ Zuckerberg က ခေါ်ဆိုပြီး ဒီတွန်းအားပေးမှုဟာ Facebook နဲ့ Instagram တွေရဲ့ အသုံးပြုသူ Social graph ဒါမှမဟုတ် List of friends တွေရဲ့ Post တွေကို အဓိကထားပြသခြင်းကနေ ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

ဒီအပြောင်းအလဲက TikTok ရဲ့ AI ကို အလွန်အမင်းအသုံးပြုခြင်းမျိုးနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း The Verge က ဆိုပါတယ်။ ဒီ ချဉ်းကပ်မှုဟာ TikTok ကို ကမ္ဘာပေါ်မှာ လူသုံးအများဆုံး App တွေထဲက တစ်ခုဖြစ်လာအောင် လျင်လျင်မြန်မြန်နဲ့ ပြုလုပ်နိုင်ခဲ့ပြီး Creator စီးပွားရေးစနစ်သစ် တစ်ရပ်ကိုလည်း မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

“AI ဟာ လူအများစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ ထိတွေ့ဆက်ဆံမှုနဲ့ ကျွန်တော်တို့ရဲ့ Feeds တွေရဲ့ အရည်အသွေးကို တိုးမြှင့်စေမဲ့ နောက်ထပ်အကြောင်းအရာတွေကို ရှာဖွေတွေ့ရှိတယ်” လို့ Zuckerberg က Meta ရဲ့ ဒုတိယသုံးလပတ် Earning calls မှာ ပြောသွားတယ်လို့ သိရပါတယ်။

“သဘောတရားအရ ကျွန်တော်တို့လုပ်နေတာ တော်တော်ထူးခြားမယ်လို့ ထင်ပါတယ်” လို့ Zuckerberg က TiKTok ရဲ့ ဗီဒီယိုအတိုလေးတွေအပေါ် သီးသန့်အာရုံစိုက်ခြင်းကို ရည်ညွှန်းပြီး ပြောဆိုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ “လူတွေက ပုံစံတစ်မျိုးတည်းနဲ့ ချုပ်ချယ်ခံခြင်ကြမယ်ထင်ဘူး” လို့လည်း ထပ်ပြီးပြောပါသေးတယ်။

Ref: The Verge