[Zawgyi]

Facebook ဟာ သတင္းတု၊ သတင္းမွားေတြကို ျဖန႔္ေဝၿပီး သူ႔ရဲ႕စည္းမ်ဥ္းစည္းကမ္း ခ်ိဳးေဖာက္သူေတြကို ကိုင္တြယ္အေရးယူမယ္ဆိုတဲ့ အေၾကာင္းကိစၥနဲ႔ပတ္သက္တဲ့ မူဝါဒကို ေျပာင္းလဲလိုက္ေၾကာင္း ေၾကညာခ်က္ ထုတ္လိုက္ပါတယ္။ ဒါေၾကာင့္ Facebook ကေန ေစာင့္ၾကည့္ၿပီး တားျမစ္ခ်က္ေတြကို ေဖာက္ဖ်က္ထားတဲ့ ကြန္ရက္အဖြဲ႕အစည္းႀကီးေတြကို စတင္ၿပီး ပိတ္ပင္ေတာ့မွာ ျဖစ္ပါတယ္။

Facebook ဟာ စည္းမ်ဥ္းခ်ိဳးေဖာက္သူေတြကို ဖယ္ထုတ္႐ုံတင္မကဘဲ ခ်ိဳးေဖာက္ႏိုင္ေျခရွိသူေတြကိုလည္း ေစာင့္ၾကည့္သြားဦးမွာ ျဖစ္ပါတယ္။ အကယ္၍ Pages ဒါမွမဟုတ္ Groups ေတြဟာ နည္းပညာဆိုင္ရာအားျဖင့္ စည္းမ်ဥ္းစည္းကမ္းေတြကို မခ်ိဳးေဖာက္ဘူးဆိုရင္ေတာင္မွ၊ ခ်ိဳးေဖာက္က်ဴးလြန္သူေတြနဲ႔ ဆက္သြယ္မႈျပဳခဲ့ဖူးတယ္ဆိုရင္ Facebook အေနနဲ႔ သူတို႔ကို ေစာင့္ၾကည့္ထားမွာျဖစ္တယ္လို႔ သိရပါတယ္။

Facebook ဟာ Spam နဲ႔ Clickbait ေတြ၊ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္ျခင္းေတြ၊ အမုန္းစကားေတြ၊ အၾကမ္းဖက္မႈကို ျပသျခင္းေတြ၊ ေႏွာင့္ယွက္ျခင္းနဲ႔ အႏိုင္က်င့္ျခင္းေတြ၊ အေဖာ္အခြၽတ္ေတြကို ကန႔္သတ္တားျမစ္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ေတြကို ေဖာ္ျပျခင္း၊ မွ်ေဝျခင္း ျပဳလုပ္ပါက စည္းမ်ဥ္းခ်ိဳးေဖာက္မႈအျဖစ္ သက္ေရာက္သြားမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ေဒသဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ အခုအခ်ိန္မွာ Facebook ကေန တားျမစ္ထားတဲ့၊ ဖယ္ရွားထားတဲ့ လူေတြဟာ Page အသစ္၊ Group အသစ္၊ Event ဒါမွမဟုတ္ Account အသစ္ေတြ ကို ထပ္မံၿပီး ဖန္တီးျပဳလုပ္ဖို႔ မလြယ္ကူေတာ့ဘူးလို႔ ေယဘုယ်အားျဖင့္ သတ္မွတ္ရမွာပါ။ ဒါ့အျပင္ စည္းမ်ဥ္းခ်ိဳးေဖာက္တဲ့ Page, Account ပိုင္ရွင္နဲ႔ ဆက္စပ္တဲ့ Page, Account, Group စတာေတြကိုလည္း စုံစမ္းစစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Ref: The Verge

[Unicode]

သတင်းတု၊ သတင်းမှား ဖြန့်သူတွေကို တင်းတင်းကြပ်ကြပ် အရေးယူတော့မယ့် Facebook

Facebook ဟာ သတင်းတု၊ သတင်းမှားတွေကို ဖြန့်ဝေပြီး သူ့ရဲ့စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူတွေကို ကိုင်တွယ်အရေးယူမယ်ဆိုတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲလိုက်ကြောင်း ကြေညာချက် ထုတ်လိုက်ပါတယ်။ ဒါကြောင့် Facebook ကနေ စောင့်ကြည့်ပြီး တားမြစ်ချက်တွေကို ဖောက်ဖျက်ထားတဲ့ ကွန်ရက်အဖွဲ့အစည်းကြီးတွေကို စတင်ပြီး ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။

Facebook ဟာ စည်းမျဉ်းချိုးဖောက်သူတွေကို ဖယ်ထုတ်ရုံတင်မကဘဲ ချိုးဖောက်နိုင်ခြေရှိသူတွေကိုလည်း စောင့်ကြည့်သွားဦးမှာ ဖြစ်ပါတယ်။ အကယ်၍ Pages ဒါမှမဟုတ် Groups တွေဟာ နည်းပညာဆိုင်ရာအားဖြင့် စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ဘူးဆိုရင်တောင်မှ၊ ချိုးဖောက်ကျူးလွန်သူတွေနဲ့ ဆက်သွယ်မှုပြုခဲ့ဖူးတယ်ဆိုရင် Facebook အနေနဲ့ သူတို့ကို စောင့်ကြည့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ Spam နဲ့ Clickbait တွေ၊ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းတွေ၊ အမုန်းစကားတွေ၊ အကြမ်းဖက်မှုကို ပြသခြင်းတွေ၊ နှောင့်ယှက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတွေ၊ အဖော်အချွတ်တွေကို ကန့်သတ်တားမြစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ဖော်ပြခြင်း၊ မျှဝေခြင်း ပြုလုပ်ပါက စည်းမျဉ်းချိုးဖောက်မှုအဖြစ် သက်ရောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဒါကြောင့် အခုအချိန်မှာ Facebook ကနေ တားမြစ်ထားတဲ့၊ ဖယ်ရှားထားတဲ့ လူတွေဟာ Page အသစ်၊ Group အသစ်၊ Event ဒါမှမဟုတ် Account အသစ်တွေ ကို ထပ်မံပြီး ဖန်တီးပြုလုပ်ဖို့ မလွယ်ကူတော့ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ရမှာပါ။ ဒါ့အပြင် စည်းမျဉ်းချိုးဖောက်တဲ့ Page, Account ပိုင်ရှင်နဲ့ ဆက်စပ်တဲ့ Page, Account, Group စတာတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Ref: The Verge