လက်ရှိအချိန်မှာတော့ Deepfakes တွေဟာ Facebook ပေါ်မှာ ကြီးမားတဲ့ပြဿနာတစ်ရပ် မဟုတ်သေးပါဘူး။ ဒါပေမယ့် လူမှုကွန်ရက်ကုမ္ပဏီကတော့ Deepfakes တွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမဲ့အန္တရာယ်တွေကိုကာကွယ်နိုင်ဖို့ အခုကတည်းက ပြင်ဆင်နေတာကို တွေ့မြင်ရပါတယ်။

The Verge မှာဖော်ပြထားတဲ့သတင်းအရ Facebook ဟာ မီချီဂန်ပြည်နယ်တက္ကသိုလ် (MSU) က ကျောင်းသား၊ ဆရာပညာရှင်တွေနဲ့ပူးပေါင်းပြီး Reverse-engineer deepfakes နည်းလမ်းကို အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ ဒီ Machine learning model ဟာ ပုံရိပ်တွေကို AI-generated နဲ့ ခွဲခြမ်းစိတ်ဖြာအတည်ပြုမှာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ လူမှုကွန်ရက်ပေါ်အသီးသီးပေါ်က Deepfakes တွေရဲ့ မူလရင်းမြစ်တွေကို လိုက်ပြီးရှာဖွေဖို့လည်း ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းဟာ အခုမှ သုတေသနအဆင့်မှာပဲ ရှိနေသေးတာဖြစ်တာကြောင့် တကယ်လက်တွေ့အသုံးချဖို့အတွက် အချိန်အတန်ကြာစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Deepfake detection ပြိုင်ပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အနိုင်ရရှိတဲ့ Algorithm ဟာ ၆၅.၁၀ ရာခိုင်နှုန်းသော AI-manipulated ဗီဒီယို တွေကိုပဲ ထောက်လှမ်းနိုင်ခဲ့တာပါ။ ဒီလို နောက်ဆုံးပေါ်ရလဒ်တွေကလည်း အပြည့်အဝယုံကြည်စိတ်ချရတဲ့အရာမဟုတ်တာလည်း အမှန်ပါပဲ။

ဒီပွဲမှာပါဝင်ခဲ့တဲ့ သုတေသီတွေရဲ့ပြောဆိုချက်အရ Algorithms ကို အသုံးပြုပြီး မီးမောင်းထိုးပြတဲ့ Deepfake detection ဟာ လက်ရှိအချိန်မှာတော့ “မဖြေရှင်းနိုင်သေးတဲ့ ပြဿနာ” တစ်ရပ်အဖြစ် ရှိနေသေးတယ်လို့ သိရပါတယ်။

Ref: The Verge