iOS မှာ နာမည်ကြီး App များစွာ Crash ဖြစ်နေပြီး တရားခံဟာ Facebook ဖြစ်ပါတယ်။ Spotify, Pinterest, Twitter, Viber, Venmo, Tinder တို့လို နာမည်ကြီး App များစွာ ပါဝင်နေပြီး Apple App Store တောင် ပြေးမလွတ်ပါဘူး။ Crash ဖြစ်နေတဲ့ စုစုပေါင်း App ဟာ ၁၅,၀၀၀ ကျော်လောက်ရှိနေပြီး Spotify , Pinterest နဲ့ Waze တို့ကို ဖွင့်လို့တောင် မရကြောင်း Down Detector က စစ်ဆေးတွေ့ရှိထားပါတယ်။

တွစ်တာက သတင်းအရ iOS အတွက် Facebook SDK ဟာ တခြား App တွေကို Crash ဖြစ်နေစေတာလို့ သိရပါတယ်။ Facebook က iOS SDK မှာ Error Rate မြင့်မားနေတယ်လို့ ပြောပါတယ်။

Facebook က “ တချို့ App တွေကို Crash ဖြစ်စေတဲ့ iOS SDK  ရဲ့ Error တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ “ လို့ ရေးသားထားပါတယ်။ ဒီပြဿနာကြောင့် Call of Duty နဲ့ PUBG အပါအဝင် နာမည်ကြီး မိုဘိုင်း ဂိမ်းတွေကိုလည်း ကစားလို့ မရပါဘူး။ 

Ref : tnw