[Zawgyi]

ၿပီးခဲ့တဲ့ မတ္လ ၁၄ ရက္ေန႔တုန္းက ကမာၻတစ္ဝန္းလုံးက Facebook နဲ႔ Instagram အေကာင့္ေတြ ဖြင့္မရတဲ့ ျပႆနာကို ႀကဳံခဲ့ရဖူးပါတယ္။ အခ်ိဳ႕ကလည္း အေကာင့္ထဲဝင္လို႔ရေပမယ့္ Message ပို႔လို႔မရတာ၊ Message ေတြဝင္မလာတာမ်ိဳးနဲ႔ ႀကဳံသလို အခ်ိဳ႕ကလည္း Content အသစ္ေတြ တင္မရတာ ျဖစ္ခဲ့ပါတယ္။

တစ္လတိတိၾကာၿပီးသြားတဲ့ေနာက္ ဧၿပီလ ၁၄ ရက္ေန႔မွာလည္း အလားတူ ျဖစ္ရပ္မ်ိဳး ထပ္မံေပၚေပါက္လာျပန္ပါတယ္။ Facebook နဲ႔ Instagram အျပင္ WhatsApp ေတြလည္း ႏွစ္နာရီေက်ာ္ၾကာ သုံးလို႔မရခဲ့ပါဘူး။ သုံးေနရင္းတန္းလန္းနဲ႔ဆိုရင္ Refresh လုပ္လိုက္တဲ့အခါ Facebook.com domain ကို မေရာက္ေတာ့တာပါ။

ဒီတစ္ခါေတာ့ အေတြ႕အႀကဳံရွိၿပီးသြားၿပီျဖစ္လို႔ ကမာၻတစ္ဝန္းက အသုံးျပဳသူေတြဟာ သိပ္ၿပီး စိုးရိမ္စိတ္မျဖစ္ခဲ့ၾကပါဘူး။ (ျမန္မာႏိုင္ငံမွာလည္း သၾကၤန္တြင္းဆိုေတာ့ လူအေတာ္မ်ားမ်ားက သတိမထားလိုက္မိဘူး ထင္ပါတယ္) ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီးေတာ့ Facebook က တရားဝင္ သတင္းထုတ္ျပန္တာမ်ိဳးေတာ့ အခုအခ်ိန္ထိ မေတြ႕ရေသးပါဘူး။

ဒါေပမယ့္ Twitter ေပၚမွာေတာ့ Facebook နဲ႔ Instagram, WhatsApp ေတြရဲ႕ အသုံးျပဳလို႔မရတဲ့ ႏွစ္နာရီေက်ာ္အခ်ိန္အတြက္ ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့ၾကတာကို ေတြ႕ရပါတယ္။ The Verge က Facebook ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ဒီျပႆနာကို ျမန္ႏိုင္သမွ်ျမန္ေအာင္ ေျဖရွင္းေနပါတယ္” လို႔ပဲ ျပန္လည္ေျဖဆိုခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

Ref: The Verge

[Unicode]

ကမ္ဘာတစ်ဝန်းမှာ Facebook နဲ့ Instagram တွေကို ဖွင့်မရခြင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပေါ်ခဲ့

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့တုန်းက ကမ္ဘာတစ်ဝန်းလုံးက Facebook နဲ့ Instagram အကောင့်တွေ ဖွင့်မရတဲ့ ပြဿနာကို ကြုံခဲ့ရဖူးပါတယ်။ အချို့ကလည်း အကောင့်ထဲဝင်လို့ရပေမယ့် Message ပို့လို့မရတာ၊ Message တွေဝင်မလာတာမျိုးနဲ့ ကြုံသလို အချို့ကလည်း Content အသစ်တွေ တင်မရတာ ဖြစ်ခဲ့ပါတယ်။

တစ်လတိတိကြာပြီးသွားတဲ့နောက် ဧပြီလ ၁၄ ရက်နေ့မှာလည်း အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ Facebook နဲ့ Instagram အပြင် WhatsApp တွေလည်း နှစ်နာရီကျော်ကြာ သုံးလို့မရခဲ့ပါဘူး။ သုံးနေရင်းတန်းလန်းနဲ့ဆိုရင် Refresh လုပ်လိုက်တဲ့အခါ Facebook.com domain ကို မရောက်တော့တာပါ။

ဒီတစ်ခါတော့ အတွေ့အကြုံရှိပြီးသွားပြီဖြစ်လို့ ကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေဟာ သိပ်ပြီး စိုးရိမ်စိတ်မဖြစ်ခဲ့ကြပါဘူး။ (မြန်မာနိုင်ငံမှာလည်း သင်္ကြန်တွင်းဆိုတော့ လူအတော်များများက သတိမထားလိုက်မိဘူး ထင်ပါတယ်) ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ Facebook က တရားဝင် သတင်းထုတ်ပြန်တာမျိုးတော့ အခုအချိန်ထိ မတွေ့ရသေးပါဘူး။

ဒါပေမယ့် Twitter ပေါ်မှာတော့ Facebook နဲ့ Instagram, WhatsApp တွေရဲ့ အသုံးပြုလို့မရတဲ့ နှစ်နာရီကျော်အချိန်အတွက် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ The Verge က Facebook ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီပြဿနာကို မြန်နိုင်သမျှမြန်အောင် ဖြေရှင်းနေပါတယ်” လို့ပဲ ပြန်လည်ဖြေဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Ref: The Verge