[Zawgyi]

Facebook က မၾကာခင္မွာ News Tab ကို ျပဳလုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ Facebook က မီဒီယာေတြကို ေငြေၾကးေပးၿပီး News Tab မွာ သူတို႔ရဲ႕ သတင္းေတြကို ျပသေပးမွာ ျဖစ္ပါတယ္။ CEO Mark Zuckerberg က ဒီသတင္းကို အရိပ္အျမြက္ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ သူက “ ဒီတစ္ပတ္ ေနာက္ပိုင္းမွာ သတင္းတင္ဆက္မႈနဲ႔ ပတ္သက္ၿပီး ေၾကညာစရာရွိပါတယ္။ မီဒီယာေတြနဲ႔ ပူးေပါင္းၿပီး အရည္အေသြးျမင့္တဲ့ သတင္းေတြကို တင္ဆက္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

The Washington Post က News Tab မွာ ျပသမယ့္ သတင္းေကာင္းေတြကို Facebook ၀န္ထမ္းအနည္းငယ္က ေရြးခ်ယ္ေပးမွာ ျဖစ္ၿပီး အမ်ားစုကိုေတာ့ Algorithm က ေရြးခ်ယ္မွာ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။  User တစ္ေယာက္ခ်င္းစီ ႏွစ္သက္မယ့္ သတင္းေတြကို ေရြးခ်ယ္ ျပသေပးမွာ ျဖစ္ပါတယ္။ အေစာပိုင္းမွာ Facebook နဲ႔ လက္တြဲထားတဲ့ မီဒီယာေတြက WaPo itself, Wall Street Journal, Business Insider, BuzzFeed News နဲ႔ ေဒသတြင္း သတင္းဌာနေတြ ျဖစ္ပါတယ္။

Facebook မွ Global News Partnerships ရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Campbell Brown က “ Facebook ရဲ႕ News Tab မွာ သတင္းေကာင္းေတြ ျပသေပးဖို႔ မီဒီယာေတြနဲ႔ ပူးေပါင္းဖို႔ဟာ ဒီႏွစ္အတြက္ ကြ်န္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ ျဖစ္ပါတယ္။ Facebook သံုးစြဲသူေတြအတြက္ သတင္းေကာင္းေတြ ပံ့ပိုးေပးႏုိင္မယ္လို႔ ယံုၾကည္ထားပါတယ္။ “ လို႔ ၾသဂုတ္လက တြစ္တာမွာ ေျပာခဲ့ပါတယ္။

Facebook က ၾသဂုတ္လကစၿပီး News Tab ကို အရိပ္အျမြက္ ေျပာခဲ့တာျဖစ္ၿပီး ဒီႏွစ္မကုန္ခင္မွာ ျဖန္႔ခ်ိေပးမယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက The Wall Street Journal က Facebook ဟာ နာမည္ႀကီး မီဒီယာေတြကို ေဒၚလာ ၃ သန္းအထိေပးဖို႔ ေဆြးေႏြးေနတယ္လို႔ ေျပာပါတယ္။

Ref : tnw

[Unicode]

Facebook က News Tab ကို ပြုလုပ်ပေးတော့မည်

Facebook က မကြာခင်မှာ News Tab ကို ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ Facebook က မီဒီယာတွေကို ငွေကြေးပေးပြီး News Tab မှာ သူတို့ရဲ့ သတင်းတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ CEO Mark Zuckerberg က ဒီသတင်းကို အရိပ်အမြွက် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူက “ ဒီတစ်ပတ် နောက်ပိုင်းမှာ သတင်းတင်ဆက်မှုနဲ့ ပတ်သက်ပြီး ကြေညာစရာရှိပါတယ်။ မီဒီယာတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးမြင့်တဲ့ သတင်းတွေကို တင်ဆက်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

The Washington Post က News Tab မှာ ပြသမယ့် သတင်းကောင်းတွေကို Facebook ဝန်ထမ်းအနည်းငယ်က ရွေးချယ်ပေးမှာ ဖြစ်ပြီး အများစုကိုတော့ Algorithm က ရွေးချယ်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ User တစ်ယောက်ချင်းစီ နှစ်သက်မယ့် သတင်းတွေကို ရွေးချယ် ပြသပေးမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ Facebook နဲ့ လက်တွဲထားတဲ့ မီဒီယာတွေက WaPo itself, Wall Street Journal, Business Insider, BuzzFeed News နဲ့ ဒေသတွင်း သတင်းဌာနတွေ ဖြစ်ပါတယ်။

Facebook မှ Global News Partnerships ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Campbell Brown က “ Facebook ရဲ့ News Tab မှာ သတင်းကောင်းတွေ ပြသပေးဖို့ မီဒီယာတွေနဲ့ ပူးပေါင်းဖို့ဟာ ဒီနှစ်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ Facebook သုံးစွဲသူတွေအတွက် သတင်းကောင်းတွေ ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ “ လို့ သြဂုတ်လက တွစ်တာမှာ ပြောခဲ့ပါတယ်။

Facebook က သြဂုတ်လကစပြီး News Tab ကို အရိပ်အမြွက် ပြောခဲ့တာဖြစ်ပြီး ဒီနှစ်မကုန်ခင်မှာ ဖြန့်ချိပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက The Wall Street Journal က Facebook ဟာ နာမည်ကြီး မီဒီယာတွေကို ဒေါ်လာ ၃ သန်းအထိပေးဖို့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

Ref : tnw