[Unicode]

Facebook က Google ရဲ့ Android OS အပေါ် အနာဂတ်မှာ မှီခိုနေရတာကို လျှော့ချနိုင်ဖို့ ကိုယ်ပိုင် OS ၁ ခု ဖန်တီးနေတယ်လို့ The Information က ပြောပါတယ်။ လက်ရှိမှာ Facebook ရဲ့ Oculus နဲ့ Portal Device တွေမှာ Android ကို မွမ်းမံထားတဲ့ ဗားရှင်းကို သုံးထားတာ ဖြစ်ပါတယ်။ Facebook က ကိုယ်ပိုင် OS ကို ဘယ်နေရာမှာ ဘယ်လို အသုံးပြုမလဲဆိုတာ မသိရသေးပါဘူး။

Facebook ရဲ့ AR နဲ့ VR အကြီးအကဲ Ficus Kirkpatrick က “ Google က Facebook ရဲ့ ဟာ့ဒ်ဝဲတွေကို ထိန်းချုပ်တာကို လျှော့ချပေးဖို့ ကုမ္ပဏီရဲ့ အနာဂတ် ထုတ်ကုန်တွေမှာ Android ကို မှီခိုစရာ မလိုအောင် ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။ Facebook ရဲ့ ဟာ့ဒ်ဝဲဌာနက အကြီးအကဲ Andrew Bosworth က “ အနာဂတ်မှာ ကျွန်တော်တို့အတွက် နေရာရဖို့ လိုပါတယ်။ ပြိုင်ဖက်တွေကို ယုံကြည်လို့ မရပါဘူး။ အဲဒီအတွက် ကိုယ်တိုင် ထုတ်မှာပါ။ “ လို့ ပြောပါတယ်။

Facebook က ကိုယ်ပိုင် OS ထုတ်မယ့် အပြင် ကိုယ်ပိုင် Chip တွေ ထုတ်လုပ်မယ်လို့ The Information က ဒီနှစ် အစောပိုင်းက ပြောပါတယ်။ ကုမ္ပဏီက ဒီနှစ် အစောပိုင်းမှာ Voice Assistant ဖန်တီးမယ်လို့ အတည်ပြုထားပါတယ်။

Facebook က အရင်ကလည်း ကိုယ်ပိုင် OS ဖန်တီးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်မှာ HTC ထုတ်လုပ်တဲ့ ဖုန်းအတွက် Android ကို မွမ်းမံထားတဲ့ ဗားရှင်းကို Facebook ဖန်တီးခဲ့ဖူးပါတယ်။ အဲဒီ ဖုန်းမှာ Facebook ရဲ့ Social Feed တွေကို အသားပေး ပြသပေးတာ ဖြစ်ပါတယ်။ Social ဖုန်းလို့ လူသိများပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ Facebook မှာ သုံးစွဲသူ ဒေတာတွေ ပေါက်ကြားမှု မကြာခဏ ဖြစ်ခဲ့တဲ့အတွက် ကိုယ်ပိုင် OS ကို အောင်မြင်ချင်ရင် လူတွေရဲ့ ယုံကြည်မှုကို ရယူရဦးမှာပါ။

Ref : theverge

[Zawgyi]

Android အေပၚ မွီခိုေနရတာကို ေလွ်ာ့ခ်ေပးဖို႔ ကိုယ္ပိုင္ OS ဖန္တီးေနတဲ့ Facebook

Facebook က Google ရဲ႕ Android OS အေပၚ အနာဂတ္မွာ မွီခိုေနရတာကို ေလွ်ာ့ခ်ႏုိင္ဖို႔ ကိုယ္ပိုင္ OS ၁ ခု ဖန္တီးေနတယ္လို႔ The Information က ေျပာပါတယ္။ လက္ရွိမွာ Facebook ရဲ႕ Oculus နဲ႔ Portal Device ေတြမွာ Android ကို မြမ္းမံထားတဲ့ ဗားရွင္းကို သံုးထားတာ ျဖစ္ပါတယ္။ Facebook က ကိုယ္ပိုင္ OS ကို ဘယ္ေနရာမွာ ဘယ္လို အသံုးျပဳမလဲဆိုတာ မသိရေသးပါဘူး။

Facebook ရဲ႕ AR နဲ႔ VR အႀကီးအကဲ Ficus Kirkpatrick က “ Google က Facebook ရဲ႕ ဟာ့ဒ္၀ဲေတြကို ထိန္းခ်ဳပ္တာကို ေလွ်ာ့ခ်ေပးဖို႔ ကုမၸဏီရဲ႕ အနာဂတ္ ထုတ္ကုန္ေတြမွာ Android ကို မွီခိုစရာ မလိုေအာင္ ျပဳလုပ္ေကာင္းျပဳလုပ္ႏုိင္ပါတယ္။ “ လို႔ ေျပာပါတယ္။ Facebook ရဲ႕ ဟာ့ဒ္၀ဲဌာနက အႀကီးအကဲ Andrew Bosworth က “ အနာဂတ္မွာ ကြ်န္ေတာ္တို႔အတြက္ ေနရာရဖို႔ လိုပါတယ္။ ၿပိဳင္ဖက္ေတြကို ယံုၾကည္လို႔ မရပါဘူး။ အဲဒီအတြက္ ကိုယ္တိုင္ ထုတ္မွာပါ။ “ လို႔ ေျပာပါတယ္။

Facebook က ကိုယ္ပိုင္ OS ထုတ္မယ့္ အျပင္ ကိုယ္ပိုင္ Chip ေတြ ထုတ္လုပ္မယ္လို႔ The Information က ဒီႏွစ္ အေစာပိုင္းက ေျပာပါတယ္။ ကုမၸဏီက ဒီႏွစ္ အေစာပိုင္းမွာ Voice Assistant ဖန္တီးမယ္လို႔ အတည္ျပဳထားပါတယ္။

Facebook က အရင္ကလည္း ကိုယ္ပိုင္ OS ဖန္တီးခဲ့ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ၂၀၁၃ ခုႏွစ္မွာ HTC ထုတ္လုပ္တဲ့ ဖုန္းအတြက္ Android ကို မြမ္းမံထားတဲ့ ဗားရွင္းကို Facebook ဖန္တီးခဲ့ဖူးပါတယ္။ အဲဒီ ဖုန္းမွာ Facebook ရဲ႕ Social Feed ေတြကို အသားေပး ျပသေပးတာ ျဖစ္ပါတယ္။ Social ဖုန္းလို႔ လူသိမ်ားၿပီး မေအာင္ျမင္ခဲ့ပါဘူး။ အဲဒီေနာက္ပိုင္းမွာ Facebook မွာ သံုးစြဲသူ ေဒတာေတြ ေပါက္ၾကားမႈ မၾကာခဏ ျဖစ္ခဲ့တဲ့အတြက္ ကိုယ္ပိုင္ OS ကို ေအာင္ျမင္ခ်င္ရင္ လူေတြရဲ႕ ယံုၾကည္မႈကို ရယူရဦးမွာပါ။

Ref : theverge