အခုလက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် နေအိမ်မှာပဲ အလုပ်လုပ်နေကြတဲ့သူတွေအများအပြားရှိနေပါတယ်။ အဲ့ဒီအတွက် Video Conferencing Service တွေဖြစ်တဲ့ Zoom နဲ့ Google Meet တို့ဟာ အသုံးပြုသူတွေ တနေ့တခြားပိုပြီး တိုးပွားလာပြီဖြစ်ပါတယ်။

အခုလည်း Facebook ကနေ ပုံမှန် Messenger Video Call နဲ့ မတူညီတဲ့ နောက်ထပ် Video Conferencing Feature အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Feature ကိုတော့ Messenger Rooms လို့ နာမည်ပေးထားပြီးတော့ Facebook Messenger ကနေပဲ Create a Room ဆိုတဲ့ စာတန်းကို နှိပ်ပြီး အသုံးပြုနိုင်မှာပါ။ Invite ပြုလုပ်ချင်တဲ့သူတွေကိုတော့ Link ထုတ်ပြီး Invite ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Messenger Rooms ရဲ့ အားသာချက်ကတော့ လူအယောက် ၅၀ အထိ တပြိုင်တည်းစကားပြောဆိုနိုင်မှာဖြစ်သလို Facebook Account ရှိစရာမလိုအပ်ဘဲ အသုံးပြုနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Zoom လိုမျိုး အချိန်အကန့်အသတ်လည်း သတ်မှတ်ထားမှာမဟုတ်တဲ့အတွက် စိတ်ကြိုက်စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဒီ Feature ဟာ Messenger Video Call နဲ့ ဆင်တူပြီးတော့ လက်ရှိ Messenger Video Call ခေါ်ဆိုသလိုမျိုးပဲ AR Effect တွေကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်ဦးမှာပါ။ ဒါပေမယ့် အားနည်းချက်အနေနဲ့ကတော့ အဆိုပါ Messenger Rooms Feature ဟာ End-to-End Encrypted မဟုတ်တဲ့အတွက် လုံခြုံရေးအားနည်းချက်တော့ရှိနေဦးမှာပါ။

ယခု Facebook Messenger Rooms Feature ကို လက်ရှိအချိန်မှာ တချို့သောနိုင်ငံတွေမှာ စတင်ထုတ်ပေးနေပြီဖြစ်သလို ကျန်တဲ့တကမ္ဘာလုံးကိုလည်း လာမယ့်ရက်သတ္တပတ်အတွင်းထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena