[Unicode]

Facebook ကတော့ Die-hard fan တွေအတွက် Star Wars Dark Theme အသစ်ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Themes က ပါဝါစားသုံးမှုကို သက်သာစေတာကြောင့် ဘက်ထရီသက်တမ်းကို ကြာရှည်စေမှာ အမှန်ပါပဲ။ ဒါကြောင့် Star Wars ကြိုက်သူတွေအတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးပြုချင်စရာပါပဲ။

ဒါ့အပြင် ဒီ Theme အသစ်ဟာ Star Wars emojis တွေလည်း ထည့်ပေးထားပါသေးတယ်။ Animated sticker တွေအပြင်၊ ဗီဒီယိုခေါ်ဆိုမှုအတွက် AR filter တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ ဒီ Theme ဟာ Limited Edition ဖြစ်တယ်လို့ Facebook က ပြောဆိုထားပေမယ့် ဒီစကားက ဘာကိုဆိုလိုတယ်၊ ဘယ်လိုအမျိုးအစား Limited Edition ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ အချိန်ကန့်သတ်ချက်နဲ့ ရရှိတာမျိုးပါ။

ဒီ Star Wars Dark Theme ကို Android ရော iOS မှာပါ ထုတ်ပေးထားတယ်လို့ သိရပါတယ်။ သုံးစွဲဖို့အတွက် Messenger app ဟာ နောက်ဆုံးဗားရှင်းယူထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Settings meun ထဲက Theme sub-menu မှာ သွားရောက်ရှာဖွေရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီ Star Wars Dark Theme ကို နိုင်ငံတိုင်းမှာ အသုံးပြုလို့မရသေးဘဲ နိုင်ငံအချို့မှာပဲ ရရှိသေးတယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးအသုံးပြုနိုင်ဖို့တော့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ Dark Theme ဖြစ်တဲ့အတွက် OLED မျက်နှာပြင်နဲ့ စမတ်ဖုန်းတွေအတွက် လက်မလွတ်သင့်တာတော့ အမှန်ပါ။

Ref: GSM Arena

[Zawgyi]

Messenger မှာ Star Wars Dark Theme ထုတ်ပေးလိုက်တဲ့ Facebook





Ref: GSM Arena