Facebook က iPhone, iPad က Messenger အတွက် လုံခြုံရေး အလွှာ ၁ ထပ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Messenger ကို ဖွင့်တဲ့ အခါ Face ID or Touch ID တို့လို Authentication နည်းလမ်းတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်  သင့် ဖုန်းကို Unlock လုပ်ပြီး သူငယ်ချင်းကို ခဏ ပေးသုံးတဲ့ အချိန်မှာတောင် Messenger ကို ဖွင့်လို့ရမှာ မဟုတ်ပါဘူး။

Facebook က အဲဒီ လုပ်ဆောင်ချက်ကို App Lock လို့ နာမည်ပေးထားပြီး Messenger ရဲ့ Privacy နဲ့ Security အတွက် လုပ်ဆောင်ချက် အသစ် ၁ ခု ဖြစ်ပါတယ်။ App Settings ရဲ့ Privacy Section မှာ App Lock ကို ဖွင့်နိုင်ပြီး Block လုပ်ထားတဲ့ လူတွေကိုလည်း စီမံခန့်ခွဲနိုင်ပါတယ်။ App Lock ကို လက်ရှိမှာ iOS မှာပဲ သုံးနိုင်သေးပြီး  လာမယ့် လ အနည်းငယ်အတွင်းမှာ Android အတွက် ဖြန့်ချိပေးနိုင်ပါတယ်။

Facebook က မကြာခင် စမ်းသပ်မယ့် လုပ်ဆောင်ချက် တချို့ကိုလည်း ပြောပြလိုက်ပါသေးတယ်။ User တွေဟာ သူတို့ကို စာပို့နိုင်တဲ့ လူတွေကို ပိုမို ထိန်းချုပ်နိုင်လာမှာ ဖြစ်ပေမယ့် Facebook က အသေးစိတ်ကို မပြောသေးပါဘူး။ ဒါ့အပြင် သင် မသိတဲ့ လူတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံတွေ ပို့တဲ့ အခါမှာ မမြင်ရအောင် Blur လုပ်နိုင်လာမှာပါ။ အလားတူ လုပ်ဆောင်ချက်ကို Instagram နဲ့ WhatsApp မှာ သုံးလို့ရနေပြီ ဖြစ်ပြီး Facebook က Messenger မှာ သုံးနိုင်မယ့် အချိန်ကို မပြောသေးပါဘူး။

Ref : theverge