Facebook ကနေ Messenger အသုံးပြုသူတွေအတွက် Feature အသစ်တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ Feature အသစ်တွေထဲက တချို့ Feature တွေကလွဲပြီး ကျန်တဲ့ Feature တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Feature အသစ်တွေကတော့ Quick Reply Bar Feature ၊ Theme အသစ်တွေနဲ့ US နိုင်ငံအတွက် QR Code Payment Link တွေပဲ ဖြစ်ပါတယ်။ အရင်ဆုံး QR Code Payment Link Feature ဟာ US မှာပဲရရှိမှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ငွေကြေးပေးပို့မှုတွေအတွက် Friend ဖြစ်စရာမလိုအပ်ဘဲ အလွယ်ပေးပို့နိုင်အောင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် Quick Reply Bar ကတော့ လူတိုင်းအသုံးပြုနိုင်မှာဖြစ်ပြီး ပေးပို့လာတဲ့ ဓါတ်ပုံနဲ့ Video တွေကို Conversation ထဲဝင်ကြည့်စရာမလိုအပ်ဘဲ ဓါတ်ပုံ သို့မဟုတ် Video ကို ထောက်လိုက်တာနဲ့ Screen အောက်ခြေမှာ Reply ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါက အလုပ်မအားတဲ့အချိန်မှာ အမြန် Reply ပြန်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

နောက်ဆုံး Feature အသစ်ကတော့ အခုနောက်ဆုံးထွက်ထားတဲ့ Olivia Rodrigo ရဲ့ Sour Album နာမည်နဲ့ Theme ၊ Fast 9 ရုပ်ရှင်အတွက် F9 Theme နဲ့ World Oceans Day အတွက် Theme တွေ အသစ်တွေကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Chat Theme တွေမှာ ပိုပြီးရွေးချယ်စရာရှိလာပြီဖြစ်ပါတယ်။

အဆိုပါ Feature အသစ်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Messenger App ကို နောက်ဆုံး Update Version အသုံးပြုနေဖို့လိုအပ်ပြီး Server Side Update ဖြစ်တဲ့အတွက် မရရှိသေးဘူးဆိုရင်လည်း မကြာခင်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – 9to5Mac